Chapter 1[ C(Change) ]

3.4K 202 4
                                    


Unicode

Chapter 1

C---Change OR Carnation
ခရမ်းရောင်ကာနေရှင်းတွေရဲ့
အဓိပ္ပါယ်က...
ပြောင်းလဲလွယ်ခြင်း

Start

မိုးတွေ သည်းကြီးမဲကြီးရွာနေတယ်။
ကျွန်တော်ရဲ့ စိတ်အစဉ်ကလည်း
သည်းထန်စွာ အငြိုးတကြီး
ရွာနေတဲ့မိုးတွေနဲ့အတူ တိတ်ဆိတ်စွာ
ငိုကြွေးနေမိတယ်။
မိုးထဲမှာ ငူငူကြီး ရုတ်တရက်
ပြောင်းလဲသွားသူရဲ့ကျောပြင်ကို
ငေးကြည့်နေမိတယ်။ သူ ကျွန်တော့်ကို ထားသွားတော့မှာလား?

ဘာလို့လဲ...
ဘာလို့များ ထားသွားရက်တာလဲ?
ဘာလို့အလွယ်တကူ ပြောင်းလဲသွားရတာလဲ?
ချစ်ခြင်းကို စတင်ခဲ့သူက ထိုသူဖြစ်နေပါလျက်...
အဆုံးသတ်သူဟာ ထိုသူပဲဖြစ်နေရတာလဲ?
အဖြူရောင်သက်သက်ချစ်ခြင်းပေမဲ့
ကျွန်တော့်အတွက်တော့ ဒါက လှပသော
ညစ်ထေးခြင်းတစ်ခုလေ။

ကျွန်တော် ဝေးကွာသွားတော့မည့် သူရှိရာကို
ပြေးကာ
လက်လှမ်းဆွဲလိုက်မိတယ်။ ဒါက
ကျွန်တော့်ဘက်က ဦးညွှတ်ခြင်းပါပဲ။

"မသွားပါနဲ့....ကျွန်တော်
ခင်ဗျားမကြိုက်တာတွေ ပြင်ပါ့မယ်"

"ကျွန်တော် ခင်ဗျားကို ချစ်တယ် ကိုကို "

ကျွန်တော် တုန်ရီစွာ ပြောမိတယ်...
ခင်ဗျားမကြိုက်တဲ့အပြုအမှုတွေ....
ခင်ဗျားမနှစ်သက်တဲ့အကြောင်းအရာတွေကို...
ကျွန်တော် အခုပဲ ပြုပြင်မှာမို့လို့ ကျွန်တော့်ကို
ထားမသွားပါနဲ့။

ထိုယောကျာ်းက ကျွန်တော့်လက်ကို မညှာမတာ ဆွဲဖြုတ်လေတယ်။ နာကျင်နေသောလက်ကောက်ဝတ်ကို ဂရုမထားမိ...
ထိုသူ ကျွန်တော့်ကို မထားသွားဖို့က
အရေးကြီးတယ်။

တည်ငြိမ်တဲ့အသံဟာ ထွက်ပေါ်လာတယ်။
ထိုအေးချမ်းသည့်အသံက
Baek Hyun ဆိုသည့် ကျွန်တော့်အား
အစဉ်အမြဲ အေးချမ်းနေစေပေမဲ့ အခုချိန်မှာတော့
ပူလောင်စေတယ်။

"ဟင့်အင်း, ငါ မင်းကို မချစ်ဘူး"

ဒီလောက်တောင် အပြောင်းလဲလွယ်ပါသလားလို့ ကျွန်တော် အော်ဟစ်မေးလိုက်ချင်ပေမဲ့ နူတ်ခမ်းက ဘာစကားအသံမျှ မထွက်ပေါ်လာနိုင်ချေ။

C E R U L E A N (Completed)Where stories live. Discover now