Unicode
Just Love (4)
ယုန်လေးလို့ထင်ရပေမယ့် အရိုင်းစိတ်လေးနဲ့ လူငယ်ကောင်လေးတစ်ယောက်ပါ။ ချစ်ရသူနဲ့ အတူနေချင်တယ် ချစ်ရသူနဲ့အတူစားချင်တယ် ချစ်ရသူကိုပွေ့ဖက်ထားချင်တယ်...... ချစ်ရသူက ဟျောင်းဖြစ်နေခဲ့တာကို ကျတော်ဘာတတ်နိုင်မှာလဲ
ဒီနေ့ အတန်းပိတ်ရက်မို့ နိုးထလာရတာက အားအင်ပြည့်ဝစေသည်။ အကြောဆန့်ပြီး နာရီကိုကြည့်မိတော့ နေ့လည် ၁၁ နာရီ ...... ညကတော်တော်အိပ်မပျော်ခဲ့တာပဲ.....အိပ်ရာမှထ ရေမိုးချိုးကာ အိမ်အောက်ထပ်ဆင်းလာလိုက်တော့ အဒေါ်ကြီးကမီးဖိုခန်းထဲမှာ
" အကိုလေး နိုးပြီလား အန်တီကြီးက လာနိုးတော့မလို့"
ပြုံးရုံသာပြုံးပြလိုက်ပြီး ထမင်းဝိုင်းမှာထိုင်ကာ ဟင်းတွေလိုက်ကြည့်မိသည်။ ခေါင်းထဲကိုအသိတစ်ခုဝင်လာပြီး
"ဟျောင်းရော "
" သခင်လေးကတော့ အခုထိဆင်းမလာသေးဘူး "
ရုတ်တရက် စားပွဲဝိုင်းမှထကာ အိမ်ပေါ်သို့ပြေးတက်ရင်း တံခါးကိုခေါက်နေမိသည်။ ဘာသံမှမကြားရ ခွင့်ပြုချက်မရပဲဝင်ရင် အထိုးခံရနိုင်ပေမယ့် တံခါးကိုဖွင့်လိုက်မိသည်။ အိပ်ရာထက်မှာ ဘေးတစ်စောင်းလေးအိပ်နေတဲ့ ဟျောင်း ... မဝံ့မရဲနဲ့ အနားကိုတိုးကပ်ကြည့်မိတော့ နားထင်စမှာချွေးတွေစို့ပြီး မျက်နှာကသာမန်ထက်ဖြူရော်နေသည်။ စိတ်ပူစိတ်က ငယ်ထိပ်ကိုဒိုင်းကနဲဆောင့်တက်သွားပြီး အိပ်နေတဲ့ဟျောင်းကိုဆွဲပွေ့ကာ
" ဟျောင်း ... ဟျောင်း "
အားယူကာ ပွင့်လာသည့်မျက်ဝန်းတွေ....... အာခေါင်ခြောက်နေပုံလဲရသည်။ ကိုယ်အပူချိန်အရမ်းမများပေမယ့် နေမကောင်းတာတော့သေချာသည်။ ရုတ်တရက် မျက်မှောင်ကြုတ်ရင်း
" အာ့ မင်းငါ့အနာကိုဖိထားတယ် "
အောက်ငုံ့ကြည့်မိတော့ ဒူးခေါင်းကနေသွေးစို့တက်နေတဲ့အနာက ရာသီဥတုအေးလို့ကိုက်ခဲနေပုံရသည်။ ညကကျောကိုပဲဆေးလိမ်းပေးလိုက်ပြီး တစ်ခြားဒဏ်ရာတွေမကြည့်မိ