EXTRA (WINTER- END)

5.2K 346 56
                                    

UNICODE

ဂျုံအင် က ကိုရီးယားမှာ နှစ်ရက်လောက်နေလို့ရသေးတာမို့ ဘတ်ဟျွန်းအိမ်ဆူညံနေသည်။

ခါတိုင်းလိုပေါက်ပေါက်ဖောက်ပီးစကားနိုင်လုနေကြတာတော့မဟုတ် Mobile gameဆော့နေကြခြင်းသာ။ အဲ့ဒါကပေါက်ပေါက်ဖောက်တာထက်ပိုဆိုးတယ်။

ပျော်ပွဲစားကနေပြန်ရောက်တဲ့ ညကတည်းက ဂိမ်းထိုင်ဆော့နေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေနဲ့ ဂျုံအင် က နေ့လည်ရောက်တဲ့အထိ ဇွဲကောင်းနေကြတုံး။ တမျိုးပီးတမျိုးပြောင်းဆော့နေပေမဲ့ ဆူညံသံတွေကတော့တပုံထဲပါပဲ။
ထမင်းစားဖို့လဲခေါ်မရ ၊ ရေလဲချိုးခိုင်းလို့မရ ၊ နောက်ဆုံး မျက်နှာသစ်ခိုင်းလို့ပါမရတဲ့အထိပဲ။
ခပ်အေးအေးမင်ဆော့တောင် သူတို့ကြားမှာသွေးပူနေသည်။

"ဟိုကောင် ငါ့ဘက်လာပါဆို မင်းဘိုးအေကအဲ့မှာ!"

ဂျုံအင့်အသံကဟိန်းခနဲဟိန်းခနဲထွက်လာသည်။ သူ့နောက်မှာ ချန်ယောလ်တို့အသံက ကပ်ပါပီးသား။

"မအော်ပါနဲ့ သားကခုမှစဆော့တဲ့ဟာကို!"

"ချန်ယောလ်နဲ့နောက်တစ်ခါမဆော့ဘူး! နော် မင်ဆော့"
"အင်း မဆော့ဘူး"

အနည်းဆုံးနှစ်ပွဲလောက်ပီးတိုင်း ထွက်လာတဲ့အသံ။ ဒါပေမဲ့ချန်ယောလ်ပြန်ဆွဲတိုင်းပြန်ပါသွားတတ်ကြသည်။
ပွက်ပွက်ညံနေကြတဲ့အသံတွေကိုလျစ်လျူရှုပီး ဘတ်ဟျွန်းတို့တသိုက်ကတော့ စီးပွါးရေးအကြောင်းလေးပြောလိုက် အချစ်ရေးလေးအကြံအဥာဏ်ပေးလိုက်နဲ့ စကားစမပြတ်သွားအောင် ပြောပေးနေရတယ်။
စကားစပြတ်တာနဲ့ ဂျွန်မြောင့်နားကို ရီရှင်းကပိုပိုကပ်သွားပီး ဂျောင်ဆူးကဂျုံအင့်နားမယောင်မလည်သွားလုပ်တတ်သည်။ ဆယ်ဟွန်းကတော့ အလုပ်ကိစ္စကြောင့် မနက်၅နာရီထဲက ထသွားခဲ့တာ။

ဂိမ်းဆော့နေလို့ဆိုပီး လူဆိုးကောင်တိမ်လုံးကဘတ်ဟျွန်းကိုမကပ်မခံ သို့သော် ဘတ်ဟျွန်းအလစ်တိုင်းလှမ်းခိုးခိုးကြည့်တတ်တာ ဘတ်ဟျွန်းသိသည် ။
သူမှမကပ်ရရင် ဘယ်ရည်းစားတွေမှမကပ်စေရဘူးဆိုတဲ့ အကြောင်းအရာကိုလက်ကိုင်ထားပီး စကားစမပျက်အောင် ဘတ်ဟျွန်းကဦးဆောင်သည်။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now