"တောက်!!"
ပိုင်ဇေသည် အထိုးခံထားရလို့ ယောင်ချင်ချင်ဖြစ်ကာ နီနေသည့် သြရရဲ့ပါးစောင်းကို မထိနိုင်ဖြစ်ကာ တောက်တချက်ခေါက်လိုက်သည်။သြရသည် ပိုင်ဇေ့လက်လေးကိုကိုင်ကာ
"ကိုယ့်အမှားပါ...သူကိုယ့်ကို အစတည်းက မင်းကိုကြိုက်နေကြောင်း ပြောထားတာ!ကိုယ့်အမှားမို့ စိတ်မတိုနဲ့တော့! ထိုးခံလိုက်ရတာကပိုကောင်းပါတယ်"ပိုင်ဇေသည်သြရကို ဘုကြည့် ကြည့်လိုက်သည်။
"အောင်မလေး ကိုသြရ.. အထိုးခံလိုက်ရတာကိုပျော်နေပြီးကိုယ့်အမှားသူ့အမှားခွဲနေတာလား!လာခဲ့ ကျွန်တော်ဆေးထည့်ပေးမယ်..သိပ်မပြောချင်ဘူး"ပွစိပွစိရွတ်နေတဲ့ ပိုင်ဇေက အဘိုးအိုပေါက်စလေးလို..
"အ.."
"နာတယ်မလား...တောက်!!ဟို လူကွာ"
ပိုင်ဇေသည် ဆေးထည့်နေရင်း မင်းသခင်ကိုမြင်ယောင်ပြီးအမှုန့်ကြိတ်ချင်နေသည်။
"အရမ်း စိတ်မဆိုးပါနဲ့ ပေတူးပိုင်ရယ်..သူ့ဘက်ကလည်း တွေးအုန်းလေ!သူချစ်တဲ့ကောင်လေးကို ကိုယ်ကလုယူသလိုဖြစ်နေတယ်မဟုတ်လား!""လုယူရတယ်ပြောရအောင် ကျွန်တော်က သူ့အပိုင်မှမဟုတ်တာ ယာဉ်ထိန်းရဲကြီးရဲ့! ပြီးတော့သူများအိမ်ထိလာပြီး ဆွဲထိုးရလောက်အောင်တော့ သူအတင့်မရဲသင့်ဘူး မဟုတ်လား ကိုသြရမောင်!"
စိတ်တိုနေတဲ့ပိုင်ဇေသည် အကျည်းတန်မနေပဲ ချစ်စရာခွေးပေါက်တကောင်မာန်ဖီနေသလိုပင်!
သြရသည်ပိုင်ဇေ့ရင်ထဲကို ခေါင်းတိုးလိုက်ပြီး ခါးလေးကို ဖက်လိုက်လေသည်။ကုတင်ပေါ်မှာထိုင်နေချင်းတူတူပင်မယ့် အရပ်ကွာဟမှုကြောင့် ကိုးလိုးကန့်လန့်ဖြစ်နေသည်။
"မောင့်ကို မဆူပါနဲ့ ပေတူးပိုင်ရာ!!"ပိုင်ဇေသည်မျက်လုံးပြူးမျက်စံပြူးဖြစ်သွားကာ တံတွေးပင်သီးသွားသည်။ အမလေး မောင်တဲ့လား!! ခေါ်တဲ့သူတောင် သိပ်မရဲတာ!သူကထိုစကားလုံးကိုသက်တောင့်သက်သာပင်ပြောသွားသည်။
ဒါဒါ သြရမောင်မှ ဟုတ်ရဲ့လား!! လူစားထိုးခံရတာလား!! ဒါမှမဟုတ် role မှားနေတာလားနော်!ဘုရားရေ!!သို့သော် ပိုင်ဇေသည် ဒီအခိုက်အတန့်လေးကို မပျက်စီးစေဖို့ သြရရဲ့ တိုနန့်နန့်ဆံပင်လေးကို လက်သည်းလေးနဲ့ကုတ်ပေးလိုက်သည်။
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...