မနက်အတန်းပီးတာနဲ့ဘာတေအရေးတကြီးဖြစ်နေလဲမသိတဲ့Bounတစ်ယောက်ကတော့ကားသော့ဆွဲပီးပြေးလေရဲ့ ကျွန်တော်လည်းတစ်ယောက်ထဲဖြစ်နေတာနဲ့ အခန်းကိုပြန်လာခဲ့တယ် .....
မီးပွိုင့်မိနေတုန်း လမ်းဘေးကိုကြည့်လိုက်တော့ ကျောင်းဝတ်စုံလေးနဲ့ Fluke နဲ့ ဟိုနေ့ကသူ့ကိုလာခေါ်သွားတဲ့ကောင်လေး
ဘာလဲ သူတို့ကအတန်းမတတ်ကြတာလား
ဒါကျောင်းချိန်ကြီးလေ ဘယ်လိုလုပ်အပြင်ရောက်နေကြတာလဲ ဒီကလေးတေခိုးထွက်လာကြတာလား.... မဖြစ်ဘူးလိုက်ကြည့်ရမယ်......ကျွန်တော်လည်းကားကိုပြန်ကွေ့ပီး ဖြေးဖြေးလေးချင်း သူတို့နောက်ကလိုက်ကြည့်လိုကိတယ်
ကော်ဖီဆိုင်တစ်ဆိုင်ရှေ့မှာကောင်မလေးနှစ်ယောက်စောင့်နေတာထင်တယ် Flukeတို့လာတော့ကော်ဖီဆိုင်ထဲလေးယောက်လုံးဝင်သွားကြတာ မဖြစ်ဘူးအထဲထိလိုက်ကြည့်ရမယ် ရည်းစားတေဘာတေလား သေချာအောင်လိုက်ကြည့်ရမယ်........
ကလေးတေဝင်သွားပီးတော့ နောက်ကနေတိတ်တိတ်လေးလိုက်ကြည့်လိုက်တော့ ချောင်ကျတဲ့ဝိုင်းမှာတွေ့ပါပီ Wanut ရဲ့လက်မောင်းပေါ်ကိုခေါင်းမှ်ီထားတယ်ကောင်မလေးတစ်ယောက်က ဒါဆိုသေချာတယ် ကျောင်းလစ်ပီးလာဒိတ်တာ Flukeလေးကတော့သူ့ဘာသူထိုင်နေတာပါ ခုနကကောင်မလေးတစ်ယောက်ပါ ပါသေးတယ် ဘယ်မှာလဲသူက ကျွန်တော်ဆိုင်ထဲကိုမျက်လုံးဝေ့ပီးရှာနေတုန်းမှာ ကောင်တာကနေပြန်လာပီး Flukeဘေးကိုဝင်ထိုင်လိုက်တဲ့ကောင်မလေး ပီးတော့ Fluke ခေါင်းကိုညင်ညင်သာသာလေးဖွနေတာ ပီးတော့ ကလေးလေးကလည်းပြန်ရီပြနေတယ် ဟာ ပါးလေးကိုတောင်ဖဲ့လိုက်သေးတယ် ဘာလား ကလေးကရည်းစားရှိတာလား ငါသွားလိုက်ရမလား ပြန်ရမှာလား ဘာဘဲဖြစ်ဖြစ်ငါကသူ့အကိုသူငယ်ချင်းလေ အကိုလိုဘဲ ဟုတ်တယ် သွားရမယ် သွားမယ် .......
ပေါက်စ......
*ကျွန်တော်ခေါ်လိုက်တော့ လေးယောက်လုံးမော့ကြည့်လာတယ်
ကလေးနဲ့သူ့သူငယ်ချင်းကတော့လန့်သွားတဲ့မျက်နှာလေးတေနဲ့ ကောင်မလေးနှစ်ယောက်ကတော့ဘယ်သူလဲဆိုတဲ့မျက်နှာလေးတေနဲ့ကြည့်နေကြတော့ ကျွန်တော်ကဘဲ*