[Unicode]
ပထမဆုံးအနေနဲ့ ဒီ fic က ညသန်းခေါင်အချိန်မှာ idea ရလို့ရေးလိုက်တာ။ဘာကြီးလဲတော့ မသိဘူး။Subunit ကြီးကို hype နေလို့ ရေးလိုက်တာကွာ တကယ်တော့။Unexpected things က ကြာနေတာကို သတိထားမိမှာပါ။အဲ့တာက ဆက်မရေးတတ်တော့တာလည်းပါတယ်။ရေးထားတာကို စိတ်တိုင်းကျမနေတာလည်းပါတယ်။ပြီးတော့ အခုတလော wendy ကို တော်တော်လေး လွမ်းနေတာကြောင့် သူ့အတွက် fic ထဲမှာ character စဉ်းစားနေတာလည်းပါတယ်။ပါ မပါကတော့ မသေချာဘူး။ဒါကတော့ ဒီတိုင်း အကြံရလို့ ချရေးလိုက်တဲ့ ဘာကြီးမှန်းမသိတဲ့ Seulrene oneshot တစ်ပုဒ်ပါပဲ။
-----
*ting*
ဆေးလိပ်ဖွာနေရင်းကမှ message ဝင်လာတဲ့အသံကြောင့် ဖုန်းကို ထုတ်ကြည့်မိတယ်။
"အဆင်ပြေရဲ့လား"
ပို့လာတဲ့စာကို ခပ်တိုးတိုး အသံထွက်ပြီး ဖတ်မိတယ်။ဒီလို အမေးခံရတာ ပထမဆုံးအကြိမ်တော့မဟုတ်။သူငယ်ချင်းတွေဆီက ခဏခဏအမေးခံရဖူးတယ်လေ။"Renebaebae"
စာပို့လာတဲ့သူရဲ့ နာမည်ကိုလည်း ထပ်ပြီးခပ်တိုးတိုးရေရွတ်မိတယ်။သိပ်လည်းမစိမ်း သိပ်လည်းမရင်းနှီးတဲ့ နာမည်တစ်ခု။ဆူးလ်ဂီ သူမကိုသိတယ်။သိတယ်ဆိုတာ သိတာ မဟုတ်ဘူး။မသိတာလည်းမဟုတ်ဘူး။ဘယ်လိုပြောရမလဲ သိပေမယ့် မရင်းနှီးတဲ့သူပေါ့။Instagram မှာ ပုံတွေ ခဏခဏ တက်လို့ နာမည်ကိုတော့ ရင်းနှီးနေတယ် ဒါပါပဲ။ပြီးတော့ နတ်သမီးတစ်ယောက်လို ချောနေလို့လည်း ပါတယ်။စာမပြန်ဘဲ ဆေးလိပ်ကိုသာ ဆက်ဖွာဖို့ လုပ်နေပေမယ့် မသိစိတ်က စာပြန်ဖို့ကို အတင်းဖိအားပေးနေတယ်။ဆေးလိပ်မီးငြိမ်းပြီး စာပြန်ဖို့ လက်ချောင်းသွယ်သွယ်လေးတွေကို စတင်လှုပ်ရှားလိုက်တယ်။ဖုန်းစရင်ပေါ်မှာ စာလုံးအနည်းငယ်က တစ်ခဏအတွင်းချင်းမှာပဲ စီစီရီရီ ပေါ်လာတယ်။
"ပြေပါတယ်"
ပြေနေလား?ပြေရဲ့လား??ဆူးလ်ဂီ ကိုယ်တိုင်လည်း မသိဘူး။မပျော်နေတာတော့မှန်ပေမယ့် ဝမ်းနည်းနေတာလည်း မဟုတ်ပြန်ဘူး။ဒီတိုင်း....ဒီအတိုင်း ဘာခံစားချက်မှရှိမနေတာ။ရည်းစားမရှိလို့ အထီးကျန်ပေမယ့် တစ်ချိန်တည်းမှာပဲ မလိုချင်နေပြန်ဘူး။ဒီလိုမျိုး ကိုယ့်ဟာနဲ့ကိုယ်တောင် ဘာဖြစ်ချင်နေမှန်းမသိဘူး။သူမရဲ့ ဘဝကြီးက သိပ်စိတ်ပျက်ဖို့ကောင်းတာ။အဲ့တော့ ဒီစကားလုံး သုံးလုံးက တစ်ဖက်လူအတွက် လုံလောက်ပြီထင်လို့ အဲ့တာကိုပဲ ပို့လိုက်တယ်။လုံလောက်ပြီမလား??