သစ်ကိုင်းနုလေးရဲ့ မြတ်နိုးရာ (completed)

1.1K 65 32
                                    

ကျွန်တော့်ရဲ့ ကိုကိုဆိုတာ လိုအပ်မှ အကိုင်းမှာလာနားတတ်တဲ့  ငှက်ကလေးတစ်ကောင်ပါပဲ ...............

ဒါဆို ကျွန်တော်ကရော ..........

‌သေချာတာပေါ့ ကိုကိုက ငှက်ကလေးဖြစ်မှတော့ ကျွန်တော်က ကိုကိုနားဖို့ သစ်ကိုင်းလေးတစ်ကိုင်းပေါ့...........

ကိုကိုက ရှုပ်ပွေလွန်းတဲ့ ကောင်လေးတစ်ယောက်ဗျ။
မိန်းကလေးတွေကို ထည်လဲတွဲတယ်။ တစ်ခါတစ်လေ တစ်ပြိုင်တည်း သုံးလေးယောက်တွဲတယ်။အားလုံးနဲ့ တွဲရပျင်းရင် ကိုကိုက ကျွန်တော့်ကို ခဏတာ တွဲတယ်။ဒါပေမဲ့ ကျွန်တော်ကိုကို့ကို ချစ်တယ်။ ကိုကိုကလည်း ရီးစားအများကြီး ထားပေမဲ့ ကျွန်တော့်ကိုပဲ ချစ်တယ်လို့ ယုံကြည်ခဲ့တာဗျ။

နည်းနည်းများ ရူးရာဆန်သွားမလား?။ အာ့တာဆိုလည်း မတတ်နိုင်ဘူးဗျာ ။ကျွန်တော် ကိုယ်တိုင်က ဒီအ‌ခြေအနေလေးကိုပဲ သဘောကျနေမိပြီး ၊ ဒီအတိုင်းလေးပဲ အသားကျနေပြီးကိုး။

ကိုကိုနဲ့ ကျွန်တော်က ဘာပက်သက်မှုရယ်လို့ တိတိကျကျမဖော်ပြတတ်ပေမဲ့ ကိုကိုက ကျွန်တော့်ကို အရမ်းဂရုစိုက်တာဗျ။ ကိုကို့မေမေ ၊ဖေဖေ နဲ့ ကိုကို့မမ တို့က ကျွန်တော့်ကို သဘောမကျတဲ့ပုံစံ ဖြစ်ပေမဲ့ ကိုကိုနဲ့နှစ်ယောက်ထဲ ရှိရင် ကိုကိုက အရမ်းကြင်နာတယ်။ အရမ်းနူးညံတယ်။အရမ်းပျော်တတ်တယ်။
ကျွန်တော် ကိုကို့ဘေးနားနေရတာ အရမ်းသဘောကျတယ်။

ဒါပေမဲ့ တစ်နေ့ပေါ့ ..........

ကိုကို့ထက် တစ်နှစ်လောက်သာ အသက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်လာပြီး ကိုကိုက
ကျွန်တော်နဲ့ မိတ်ဆက်ပေးခဲ့တယ်။အာ့တုန်းကလည်း
ကိုကိုဒီတိုင်း အပျော်သဘောနဲ့ ထားတဲ့သူလို့ ထင်ခဲ့ပြီး ကျွန်တော် ဟန်ဆောင်ပြုံးပြခဲ့ပါတယ်။
ဒါပေမဲ့ တစ်လကြာသွားတယ် ။ တစ်‌နှစ်သာ ကြာသွားတယ်။ ကိုကို့ဘေးနားမှာ အာ့မိန်းကလေးပဲ ရှိနေ‌သေးတယ် ။
ကိုကိုကလည်း သူမနဲ့ တွဲပြီးကတည်းက ဘယ်မိန်းကလေးနဲ့မှ မရှုပ်ပွေတော့သည့်အပြင်  ကျွန်တော့်အ‌ပေါ်ကိုလည်း တစ်ဖြည်းဖြည်း‌သွေးအေးလာခဲ့တယ်။
ဒီလိုနဲ့ ကိုကိုနဲ့ကျွန်တော် မတွေ့ ဖြစ်ခဲ့ကြသည်မှာ
သုံးလပင် ရှိသွားလေပြီး။

🎉 You've finished reading [Zawgyi] သစ်ကိုင်းနုလေးရဲ့ မြတ်နိုးရာ [Unicode] သစ်ကိုင်းနုလေးရဲ့ မြတ်နိုးရာ 🎉
 [Zawgyi] သစ်ကိုင်းနုလေးရဲ့ မြတ်နိုးရာ   [Unicode] သစ်ကိုင်းနုလေးရဲ့ မြတ်နိုးရာ Where stories live. Discover now