Unicode
လွင့်မျောနေတဲ့တိမ်ဖြူဖြူတွေကိုကြည့်ရင်း သူ သစ်တော်ပင်ပုအောက်လေးထဲ အိပ်နေရာမှ ထရပ်လိုက်သည်။ဖုန်တွေကပ်ပါလာသော အင်္ကျီနှင့်ဘောင်းဘီတို့အား ခါထုတ်ပီး သပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်သည်။ပီးနောက် ဒေါက်ချထားသော စက်ဘီးလေးအား လမ်းမထက်သို့ တွန်းလာပီးကာမှ အရှိန်ယူကာ စီးလိုက်သည်။စက်ဘီးကို ရှေ့သို့ အာရုံစိုက်စီးနေပေမဲ့ ခေါင်းထဲမှ အတွေးတွေကလဲ မရပ်မနား။
🌌🌌🌌🌌🌌🌌🌌
"အမယ်လေး ဘယ်သွားနေတာလဲ တိမ်လွှာရယ် ကြီးကြီးပုက မောင်အဂ္ဂလာရင် ဘယ်လိုပြန်ပြောရမှန်းမသိလို့ တွေးပူနေတာ ရင်တွေလဲတုန်လှပီ တော်ပါသေးရဲ့ ဘယ်တွေသွားနေတာလဲကွယ်"
ခြံထဲသို့ ဝင်လိုက်တာနဲ့ ကြိုဆိုနေတဲ့ အသံစူးစူးလေး။လှမ်းကြည့်လိုက်တော့ ကြီးကြီးပုကမျက်နှာငယ်လေးနှင့် သူ့ကို လှမ်းကြည့်နေလေသည်။ကြီးကြီးပုကလား သူက ကျွန်တော့်တို့အိမ်မှာ တနေ့လုံးချက်ပြုတ်လျှော်ဖွပ် အိမ်လာစောင့်ပေးတတ်တဲ့ ရပ်ဆွေရပ်မျိုးအဒေါ်ကြီးတစ်ယောက်ပါ။အမျိုးမတော်ဘူး ဆိုပေမဲ့လို့ ကျွန်တော့်ကို ဆွေမျိုးရင်းခြာ သားသမီးတစ်လောက်လိုချစ်ပေးရှာပါတယ်။အမြဲတစ်ယောက်တည်းအထီးကျန်နေရတဲ့ ကျွန်တော့်အတွက်ကတော့ အချစ်ရဆုံးသူတွေထဲကတစ်ယောက်ပဲပေါ့။သူစက်ဘီးကို ခါတိုင်းထားနေကျ အိမ်ရဲ့ဘေးဘက်မျက်နှာစာက ရွက်လှပန်းပင်တွေနဲ့ ဇီဇဝါပန်းပင်လေးတွေရှေ့ သွားထားလိုက်သည်။ပီးနောက် အပြေးလေးသွားကာ ကြီးကြီးပုကို လှမ်းဖက်လိုက်ပီး
"ကြီးကြီးပုကလဲ တိမ်လွှာ ခါတိုင်းသွားနေကျ မိုးဗြဲဆည်ဘေးက သစ်တော်ခြံဘေးသွားအိပ်နေတာပါ"
"အာ့ဆို ဘာလို့နောက်ကျနေတာလဲ ခါတိုင်းဆို ထမင်းစားချိန်အမှီ ပြန်လာနေကျလေ"
"အာ အဲ့ဒါက တိမ်လွှာ ခဏ အိပ်ပျော်သွားလို့ အာ့ကြောင့် နည်းနည်းလေးနောက်ကျသွားတာပါ နောက်ကို နောက်မကျစေရပါဘူး ကိုကြီးကို ပြန်မတိုင်ပါနဲ့နော် နော် ကြီးကြီးပု နော် လို့"
နှုတ်ခမ်းလေးချွန်ကာ စကားပြောလိုက်တိုင်းယုန်သွားလေးများပေါ်လာကာ အသားဖြူဖြူဖွေးဖွေး အသက်၂၀အရွယ် ဒီလူသားလေးကတော့ တကယ်ကို ကလေးစိတ်မကုန်သေးမှန်း ကြီးကြီးပုသိသည်ပဲလေ။သူလေးက သနားစရာ။အမြဲတမ်း သည်အိမ်ကြီးထဲမှာ တစ်ယောက်တည်း။သူ့အစ်ကိုအဂ္ဂ ရှိတဲ့အချိန်များမှာတော့ ကြီးကြီးပုက မနက်သွား ညပြန်ပေါ့။အခုလိုတခါတလေ နယ်ဘက် ခရီးသွားနေတဲ့အချိန်ကျ ကြီးကြီးပုက စိတ်မချတော့ လာအိပ်ပေးနေကျလေ။ဒီနေ့က သူ့အစ်ကိုကြီး ပြန်လာမဲ့နေ့။ဟိုက အရမ်းစည်းကမ်းကြီးတယ်။သူ့ညီလေးကို မျက်စိအောက်က အပျောက်ခံတာ မဟုတ်ဘူး။အသက်ကလဲ ဆယ့်နှစ်နှစ်လောက်တောင်ကွာတော့ တိမ်လွှာလေးက သူ့အစ်ကိုကြီးကိုဆို အရမ်းကြောက်တယ်။အိမ်ထဲမှာပဲ တိမ်လွှာလေးက ပန်းချီဆွဲတာနဲ့ အချိန်ဖြုန်းနေရလေ့ရှိတယ်။တိမ်လွှာလေးကလဲ သူ့အစ်ကို စိတ်ပူလောက်စရာပါပဲ။နှင်းဥလေးလိုဖြူဆွတ်နေတဲ့အသားအရည်ကိုမှ မျက်လုံးအိမ်ကြီးကြီးတောက်ပတဲ့မျက်ဝန်း၊နှာတံစင်းစင်း၊အပေါ်နှုတ်ခမ်းလေးပါးပေမဲ့အောက်နှုတ်ခမ်းလေးကျဖူးဖူးလေး။ဒါပေမဲ့ အဲ့နှုတ်ခမ်းဖူးဖူးလေးက ဖြူဖျော့နေလေ့ရှိတယ်။ဆံပင်ဂုတ်ထောက်လုံးလုံးဝဲဝဲလေးက မိန်းမဆန်တယ်ထင်ရတယ်။ဘယ်ဘက်ပါးပေါ်ကစံပယ်တင်မှဲ့လေးက ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့ ပါးချိုင့်လေးနှစ်ဖက်နဲ့ပေါင်းလိုက်တော့ တိမ်လွှာ ဆိုသည်မှာ တကယ့်ကို မိန်းမချော ချောတဲ့ ကလေးလေးတစ်ယောက်။ကြီးကြီးပု စဉ်းစားနေရာမှ သက်ပြင်းချကာ တိမ်လွှာ့ကျောပြင်လေးကို ဖြေးဖြေးချင်းသပ်ပေးရင်း
YOU ARE READING
🍬ကိုယ့်ရဲ့အချစ်ဆုံး 🍬ကိုယ့္ရဲ႕အခ်စ္ဆုံး🍬
Romance- အချစ်ကြီးသလို ဒေါသကြီးတဲ့ အဂ္ဂ -အမြဲအချုပ်အနှောင်ခံ နေရတဲ့ တိမ်လွှာ -လွတ်လပ်ပေါ့ပါးပီး ပျော်ပျော်နေတတ်တဲ့ နေသူရိန် -စိတ်ထားကောင်းဖြူစင်သူလေး နှင်းစက် သူတို့လေးယောက်ကြားမှာ ဖြစ်တည်နေတဲ့ ၅၂၈၊၁၅၀၀ ချစ်ခြင်းတရားများကို ရည်ညွှန်းရေးသားသွားမဲ့ အချစ်၊မိသ...