Episode-1[Zawgyi]

20 1 0
                                    

"ကဒ်...."

ဒါရိုက်တာရဲ့​ slate သံကြားလိုက်တာနဲ့​ Sakura​ တစ်ယောက် မင်းသားနဲ့ဖက်ထားရာက​ ခွာကာ​ မျက်ရည်စ​ အနည်းငယ်ကို​ သုတ်ပစ်လိုက်ပြီး​ monitor ကိုကြည့်ရန်​ ဒါရိုက်တာနားကိုလာခဲ့လိုက်လေသည်...

"ဒါရိုက်တာကြီး... အဆင်ပြေလား..."

"အဆင်ပြေပြီ...ကဲ...အဲ့ဒါဆို​ ဒီနေ့​ shooting ပြီးပြီ..."

ဒါရိုက်တာရဲ့​ အသံကြားတော့မှ​ အားလုံးသက်ပြင်းချနိုင်ကြတော့သည်...

Sakura​ လည်း​ သူ့ကားရှိရာဆီကို​ သွားကာ​ ပြန်ဖို့ပြင်တော့သည်...

"Sakura​ shi..."

နောက်က​ အသံကြားလိုက်တော့​ Sakura လှည့်ကြည့်လိုက်သည်... ပြုံးစစလုပ်နေတဲ့​ မင်းသားချော... အတူတူတွဲသရုပ်ဆောင်တဲ့​ မင်းသားဖြစ်နေတော့​ စကားပြောဖို့ကို​ ရပ်စောင့်နေလိုက်လေသည်...

"အားတဲ့တစ်ရက်လောက်​ ညစာသွားစားကြရအောင်... ကျွန်တော်​ ဆိုင်ကောင်းကောင်းသိထားတယ်"

ပြုံးစိစိဖြစ်နေတဲ့​ မျက်နှာထား...တစ်စုံတစ်ခု​ကို​ မျှော်လင့်ပါတယ်​ ဆိုတဲ့​ အဓိပ္ပာယ်ပါတဲ့ စူးရှတဲ့အကြည့်... ဒါတွေအားလုံးကို​ ပေါင်းကြည့်လိုက်တာနဲ့​ အဖြေဟာတစ်ခုတည်း... ဘာလို့ဒီဘောင်ကို​ပဲ​ လာကျော်ချင်နေကြမှန်းမသိ...

"အားတဲ့ရက်ဆိုတာ​ ဘယ်ရက်မှန်း သေချာမသိသေးဘူး... ပြီးတော့​ ကျွန်မက​ အားတဲ့ရက်ဆို​ အိမ်မှာပဲနေတာများတယ်... အပြင်သိပ်မထွက်တတ်လို့... အဲ့ဒါကြောင့်​ ညစာအတူတူ​ သွားစားဖြစ်မယ်​ မထင်ဘူး... "

ကြားကောင်းအောင်ပဲ​ ငြင်းလိုက်တော့​ ကိုယ်တော်ချောက​ အားမလိုအားမရ​ ဖြစ်တဲ့ပုံစံနဲ့​ ထပ်ပြောဖို့ပြင်သည်...

"Kura​ ya... သွားစရာရှိသေးတယ်နော်"

အလိုက်သိလှတဲ့​ အချစ်ဆုံး​ သူငယ်ချင်း​ Manager ကြီး​ Choi Yena ရောက်လာမှ​ Sakura သက်ပြင်းချနိုင်တော့သည်...

"Ahh... အဲ့ဒါဆို​ သွားတော့မယ်နော်... သွားစရာလေးရှိသေးလို့"

ဇာတ်ကားရိုက်တာ​ နောက်ဆုံးရက်လည်း​ ဖြစ်နေတာကြောင့်​ နောက်တွေ့လည်း​ တစ်ခါနှစ်ခါ​ အပြင်​ မတွေ့ရတော့မယ့်
အားမလိုအားမရ​ ဖြစ်နေတဲ့​ ကိုယ်တော်ချောကို​ ကျောခိုင်းပစ်ကာ​ Yena နောက်ကို​ လိုက်ခဲ့တော့သည်... တမင်သက်သက်​ လာကယ်သော​ သူငယ်ချင်းလေးမလား...

Only OneTempat cerita menjadi hidup. Temukan sekarang