အချိန်က မနက် 8နာရီ... Chaeyeon တစ်ယောက် ခေါင်းကို ဖိနှိပ်ရင်း အိပ်ယာမှ ထလာလေသည်... မနေ့က ဝိုင်အရှိန်ကြောင့် ခေါင်းက မူးနေတုန်း... မိမိမှာ သောက်ပြီးတာနဲ့ မူးသွားတတ်ပြီး မနက်နိုးလာတာနဲ့ ခေါင်းမူးတတ်တဲ့ အမျိုး...
နေလို့မကောင်းပေမယ့် သင်တန်းရောက်ရင် သက်သာသွားမည် အထင်နဲ့ Chaeyeon သင်တန်းကို လာခဲ့လိုက်လေသည်... သင်တန်းကို ရောက်တဲ့အထိ ခေါင်းမူးတာ မသက်သာ... သေချာတယ်... မနေ့ညကတော်တော်များသွားပြီ...
သွေးပူလေ့ကျင့်ခန်းလေးများ လုပ်လိုက်ရင် ဘယ်လိုနေမလဲ ဆိုတဲ့ အတွေးနဲ့ Chaeyeon သင်တန်းရောက်တာနဲ့ Practice room ကို လာခဲ့လိုက်လေသည်...
"Saem..."
အခန်းတံခါးဖွင့်ဖွင့်ချင်း တွေ့လိုက်တာ Minju...
"Awwn... Minju... စောလှချည်လား..."
Chaeyeon အံ့သြသွားဟန်နဲ့ ပြောလိုက်သည်... သင်တန်းစဖို့က တစ်နာရီတောင် လိုသေးတာ...
"ပြန်လေ့ကျင့်ချင်လို့ စောစော လာခဲ့တာ..."
တစ်ခုခုကို လူမိသွားသည့်ဟန်နဲ့ Minju ပြောလိုက်ပေမယ့် Chaeyeon မှာ သေချာအာရုံမစိုက်အား... အကကျင့်ဖို့ ပြင်ဆင်လိုက်ပေမယ့် ခေါင်းမူးတာက မသက်သာတာကြောင့် တစ်နေရာမှာပဲ ထိုင်နေလိုက်သည်...
"Saem... မနက်စာ စားပြီးပြီလား..."
"စားချင်စိတ်မရှိသေးလို့ ..."
Chaeyeon ခေါင်းကိုက်နေတဲ့ မျက်နှာမှာ သိသာနေတာကြောင့်...
"Saem...နေမကောင်းဘူးလား..."
"Awwn.. ခေါင်းကိုက်နေလို့..."
"အဲ့ဒါဆို..."
Minju ပြောနေတုန်းမှာပဲ...
"Unnie... အမူးပြေဆေး ရပြီ..."
ရုတ်တရတ်ဝင်လာတဲ့ Yuri ကြောင့် Minju မျက်နှာမဲ့သွားလေသည်... အမှတ်ဝင်ယူမလို့ကို မယူလိုက်ရတော့ဘူးလေ...
"Saem... ဘာမှ မစားရသေးဘူးဆို.... တစ်ခုခုစားပြီးမှ သောက်လိုက်ပါလား..."
"ရတယ်... ဒီမှာ ပေါင်မုန့်နဲ့ နို့ပါတယ်... Unnie... စားပြီးသောက်လိုက်..."