ONE SHOT (Part-1)

5.4K 231 2
                                    


Soo သူက အထက်တန်းပထမနှစ်ကျောင်းသူလေးပါ မိန်းကလေးပေမဲ့ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပြီးတော့ သူ့မှာသူငယ်ချင်းတွေလည်းပေါတယ် စာမှာဆိုရင်တော့အမြဲနောက်ကောက်ကျနေတတ်ပေမဲ့ သူကစာဖတ်ရတာကိုအရမ်းသဘောကျတယ် တစ်ခါတစ်လေကျရင်တောင် ဝတ္ထုတွေ ကဗျာတွေကောက်ကက်ရေးလိုက်တာ ဘယ်လိုပြောရမလဲ Soo ပုံစံက ချစ်စရာကောင်းပီး တည်ငြိမ်လို့ထင်ရပေမဲ့ စပ်စလူုးစိန်မလေးပေါ့    

~~~~~~~~~~~~~~~~~~~~~~

Soo  တစ်နေ့မှာလည်းစာကြည့်တိုက်ပြန်လာပြီး စာအုပ်တစ်အုပ်ငှားလာတယ် သူ့ appa ကလည်း စာကြည့်တိုက်မှူးဆိုတော့ သူ့အတွက်ပိုအဆင်ပြေတာပေါ့

အိမ်ပြန်ရောက်တော့ အိပ်ယာပေါ်ပစ်လှဲလိုက်ပီး စာအုပ်ကိုကောက်ဖတ်လိုက်တယ် အနောက်ဆုံးစာရွက်ကိုလှန်လိုက်ပီး အဖုံးတွင်ကပ်ထားသော အိတ်ထဲရှိ စာကြည့်တိုက်ကတ်ကိုထုတ်လိုက်သည်

ဟင် Kim Kai…

Soo သူငှားထားသေးသောအခြားစာအုပ်တွေနောက်ကျောရှိ စာကြည့်တိုက်ကတ်တွေကို ယူကြည့်လိုက်သည်။ကတ်တိုင်းတွင် Kim Kai ဆိုတဲ့နာမည်ပါလေသည် ပြီးတော့ သူ့နာမည်တိုင်းကလည်း Soo အပေါ်မှာလိုလိုချည်းပဲဖြစ်နေတယ် တစ်ခါတလေတော့ Soo အောက်နားကအကွက်မှာရှိနေတတ်တယ် Soo အဲ့နာမည်ကိုမြင်ဖူးတာတော့ ကြာပါပီ ဒါပေမဲ့ လူပုံစံကိုတော့တစ်ခါမှမမြင်ဖူး၍ စိတ်ဝင်စားနေမိသည်

Kim Kai…

Soo မနက်မိုးလင်းတော့ကျောင်းသွားပြီး စာအုပ်ဖတ်ရန်ပြင်သည်။ကျောင်းပိတ်ရက်ဖြစ်သော်လည်း ကျောင်းတွင် အားကစားလုပ်နေတဲ့သူ သူ့လိုပဲစာလာဖတ်တဲ့သူ ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့ လာအာပွတဲ့သူတွေနဲ့ ဆူညံနေတတ်တယ်

Soo ကျောင်းဝင်းထဲရောက်တော့ baseball ကစားနေကြတဲ့ သူငယ်ချင်းတွေကို လက်လှမ်းပြပြီး အထဲဝင်လာလိုက်တယ်

SAM!!

အမလေး Soo ရယ်ဖြေးဖြေးအော်ပါ Sam ကြားပါတယ်

Sam စာအုပ်ငှားချင်တယ်

လုပ်ပြန်ပီ အရင်စာအုပ်တွေလည်းပြန်အပ်ဦးလေ

Whisper to the HeartWhere stories live. Discover now