Unicode
ကျေးဇူးပြု၍အရာရာနေသားတကျဖြစ်နေတဲ့အချိန်မှာ ပြန်ပေါ်မလာခြင်းဖြင့်ကူညီပေးကြပါ
ဒီနေ့နဲ့ဆိုကိုမှူးနဲ့စကားမပြောဖြစ်တာ ရက် ၂၀ တောင်ကျော်သွားပြီ သူကျနော့်ကိုဘာတွေစိတ်ဆိုးနေတာရယ်လို့တော့ကျနော်အတိအကျမသိ အရင်လိုစကားတွေလဲမပြောတော့ဘူး နောက်ဆုံး သူအမြဲခေါ်နေကျ ငယ်လေး ဆိုတဲ့နာမ်စားကိုတောင်မခေါ်တော့ပဲ ပြောစရာရှိရင်တောင်လပြည့်လို့ပဲခေါ်တော့တာ မဟုတ်မှလွဲရော ကိုမှူးက ကျနော်နဲ့ကိုကို တွဲနေကြတာသိသွားလို့များလား သူကကျနော့်ကိုယောင်္ကျားချင်းကြိုက်နေတဲ့သူဆိုပြီးများ အထင်သေးသွားတာလား မဖြစ်ပါစေနဲ့
ကိုမှူးအတွက်အရေးပါတဲ့သူဖြစ်ခွင့်မရတာနဲ့တင်ကျနော့်အတွက်ကလုံလောက်ပါပြီ မရွံလိုက်ပါနဲ့ မမုန်းလိုက်ပါနဲ့ ကိုမှူးရယ်"မှူး ငါဝင်လာမယ်နော်"
"နိုး ဝင်လာလေ"
"နင်ဘာလို့လပြည့်ကိုစကားမပြောတာလဲ မှူး သူ့မှာစိတ်မကောင်းဖြစ်နေရှာတာ"
"ငယ်လေး အကြောင်းပြောမှာဆိုရင်တော့ဆက်မပြောပါနဲ့တော့ ငါတစ်ယောက်ထည်းနေချင်တယ်"
*မှူးရယ်နင်ကအရာရာမှာထက်မြတ်သလောက်အခုတော့အရမ်းညံ့တယ်နော် နင်ငယ်လေးကိုအရိပ်တကြည့်ကြည့်ချစ်ခဲ့သလိုငါကလဲနင့်ကိုအရိပ်တကြည့်ကြည့်ချစ်ခဲ့တာပါပဲ နင်အဆင်ပြေတာကိုပဲငါမြင်ချင်ခဲ့တာ မပိုင်ဆိုင်ချင်တော့ပါဘူးဆို ငါလိမ်ရာကျမှာပေါ့ မဝေးချင်လို့ခပ်နီးနီးကနေလှမ်းငေးနေတာပါ*
"ငါ ရှင်းရှင်းပဲမေးမယ် မှူး နင် ငယ်လေးကိုချစ်နေတာမှလား"
*သိပြီးသားအရာဆိုပေမယ့်ဒီစကားပြောထွက်ဖို့ငါ့နှလုံးသားတစ်ခုလုံးအက်ဆစ်လောင်းခဲ့ရသလိုပါပဲ နင်အဆုံးထိပျော်နေရမယ် နင်ပျော်ဖို့ငါဘာမဆိုလုပ်ပေးမယ် တစ်ခုပဲ နင်ပျော်နေပေး ဘာလို့ဆိုနင်ပျော်ဖို့ရင်းခဲ့ရတာ ငါ့နှလုံးသားတစ်စုံ ဘယ်သူနဲ့အဆင်ပြေနေလဲကိုနဲ့မှမဟုတ်ရင်အစစအရာရာဒုက္ခရောက်ပါစေလို့လဲ မပြောရက်ပါဘူး ပျော်နေပါ မှူးရယ်*
أنت تقرأ
𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆
عاطفيةIf equal affection can't be,the more loving one be me. Bl , romance ,drama