မည်သူမှ မရှိတဲ့ အခန်းထဲ သူတစ်ယောက် တည်းဖြစ်နေပြီ။
ရေကန်ဘေးထိုင်ချလိုက်သည်။ သူ့အတွက် နောက်ဆုံးအချိန်ပါပဲ။ နွယ်ရှင်များ တစတစ ထွက်ပေါ်လာသည်။
ဣန္ဒရီ မရှိတော့ သူတို့လဲ နေရာ ရသွားပုံပေါ်သည်။ ခဏချင်း အိုဟောင်းပြီး လူသူ မရောက်တဲ့ နေရာ တစ်ခု အဖြစ်ပြောင်းလဲ သွားတော့သည်။
ကြမ်းခင်းတစ်ခုလုံးစိမ့်မြေ အသွင်ပြောင်းလဲ လာသည်။ သူ့အသိစတ်လဲ တဖြေးဖြေး ဝေဝါးလာသည်။
သူနောက်ဆုံးသိလိုက်သည်က သူ့အသားတွေထဲက တခုခု ထိုးထွက်နေတာကိုပဲ။ အစိမ်းသက်သက် ထိုးဖောက်ထွင်နေတဲ့ နာကျင်မူ့နှင့် အသိစိတ် ပျောက်သွားချိန် သူ မျက်လုံးထဲ မဲမှောင်သွားသည်။
လေထဲမှာ သူလွင့်မနတယ်လို့ထင်တယ်။
-
-
-
ရွာကနေ ထွက်လာသော ကားပေါ်တွင် သူမတို့အဖွဲနှင့် သူကြီး ပဲ ပါတော့သည်။ ဣန္ဒရီကို ကျော်ဇော တာဝန်ယူသည်။အတင်အချနှင့်။ သူကြီးကို အားလုံးပြောထားသည်။မမှောင်ခင် ဒီက လွတ်အောင်ထွက်နိုင်ဖို့ဖြစ်သည်။
လင်းစေမိုးက
"ခဏ...ကျွန်တော် ပစ္စည်းကျန်ခဲ့လို့"
သူကြီးက နာရီကြည့်ပြီး
"ထားလိုက်တော့ အခုကို ညနေ ၃:၀၀နာရီထိုးနေပြီ"
ခန့်သူရိန်က
"ရွာနဲ့က ဝေးနေပြီလေ၊ လက်လျော့လိုက်တော့"
"မဖြစ်လို့၊ မေဦး နဲ့ပါတ်သတ်တဲ့ အမှတ် တရ ။ နောက်ဆုံးပဲ"
"နောက်မှလာယူ၊ မနက်ဖန် ဆိုရင် လိုက်ပို့ပေမယ်၊ အခုတော့ လက်လျော့လိုက်တော့။"
"မဖြစ်လို့ပေါ့ ဗျာ။ ကျွန်တော့ အတွက် အမှတ်တရ..."
မဖြစ်ဘူး။ ဆိုပြီး ကားပေါ်က ခုန်းဆင်းသွားချိန်
"မလုပ်နဲ့"
သူကြီးအသံကြောင့် ကျော်ဇောလက်ထဲက သူမ အနည်းငယ် လှုပ်ခာသညိ။ သက်ထားရင်ပူသွားသည်။ မရဘူးလေ၊ အဲ့လို။
လှုပ်ရုံမက မျက်လုံးကါ ဖွင့်လာချိန် သက်ထားက
"ဣန္ဒရီ၊ ...နငိ"
YOU ARE READING
နှလုံးသားတစ်စုံ အရင်းပြု၍
Horrorသဘာဝလွန် Romanceလေးပါ။ Own creation စစ်စစ်ပါနော်......