3.1K 431 16
                                    

Unicode >>>>>

ဂျောင်ကု နဲ့ ထယ်ယောင်း နှစ်ယောက်သား တစ်ကိုယ်လုံး စိုရွှဲစွာဖြင့် ပြန်လာခဲ့သည်

" သခင်လေး ထယ်ယောင်း ဘာဖြစ်လာတာလဲ? "

ဂျောင်ကု ရဲ့ အမေဖြစ်သူ က ထယ်ယောင်း ကို စိုးရိမ် ကြီးစွာမေးလိုက်သည်

"ဂျောင်ကု သားရော ဘာဖြစ်လာတာလဲ တစ်ကိုယ်လုံး စိုရွှဲလို့ပါလား? "

"ရေထဲမှာ နည်းနည်းဆော့လာကျလို့ပါ
ဘာမှ မဖြစ်ပါဘူး "

" အော... ငယ်တော့တဲ့ အရွယ်တွေလဲ
မဟုတ်ဘူး သခင်လေး ထယ်ယောင်း က
အအေးခံလို့ မရဘူး တော်ကြာနေ
ဖျားနေလိမ့်မယ် "

"သခင်လေး ဝင်ပြီး အဝတ်စား လှဲနှင့်လိုက်တော့ လေ "

ဂျောင်ကု က တစ်ကိုယ်လုံး စိုရွှဲ နေတဲ့
ထယ်ယောင်း ကို ကြည့်ရင်း အိမ်ထဲ ဝင်ဖို့
ပြောလိုက်သည်

" သခင်လေး ပြီးရင် ကျွန်မ ရေနွေးနွေးလေး ယူလာခဲ့ပါမယ် "

"ဟုတ်ကဲ့ "

ထယ်ယောင်း အိမ်ထဲဝင်သွားတော့ ဂျောင်ကု အမေဖြစ်သူ က ဂျောင်ကု ကို

"သခင်လေး လဲ မျက်နှာ မကောင်းပါလား"

"သခင်လေး က ယုန်လေး လိုချင်တာ အဲ့
တာလေး မရခဲ့လို့ပါ "

ဂျောင်ကု ဆိုတဲ့ ကောင်လေးဟာ သူ့
သခင်လေး ဖြစ်သူ အတွက်ဆို နည်းနည်း
လေးမှ မျက်နှာ အပျက်မခံခဲ့ ကောင်လေး

The Words In My Heart ________

" အမေ မနက် သား စောစော တောင်ပေါ်
တက်မလို့ "

အမေဖြစ်သူ က ချုပ်လက်စ အကျီကို
ရပ်လိုက်သည်

" စောစော သွားမလို့လား? 
သားရယ် အန္တရာယ် များပါတယ် "

"ရပါတယ် အမေရယ် သွားနေကြဘဲ
ဘာမှမဖြစ်ပါဘူး "

"အော်... ဒါနဲ့ သခင်လေး ထယ်ယောင်း ကို
ဆေးကျိူထားတာ သွားပေးရအုံးမယ် "

" သခင်လေး နေမကောင်း နေဘူးလား "

ဂျောင်ကု စိုးရိမ် စွာဖြင့် မေးလိုက်သည်

" မနက်က အအေးပတ်သွားလို့ ထင်တယ် "

" ရတယ် အမေ ကျွန်တော်ဘဲ သခင်လေး ဆီကို သွားပို့ပေးလိုက်မယ် "

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Onde histórias criam vida. Descubra agora