1

2.6K 188 4
                                    

Uni

"​​​ဖြောင်း"

ဝမ်ရိ​ပေါ် လည်ထွက်သွားသလိုပါးစပ်မှ​သွေးများစီးကျလာ​​သော်လည်းမျက်နှာမှာ​တော့မဲ့ပြုံးတစ်ပွင်းဆင်မြန်းထားတုန်းပင်။

"ဝမ်ရိ​ပေါ် ရာ ဝမ်ရိ​ပေါ် ဒီ​လောက်ထိခံ​နေရ​တာ​တောင် မင်းမ​​ပြောသေးဘူး​နော်
မင်းတို့ ရဲ ​တွေကိုငါဒါ​တွေမကြိုက်တာ သိပ်​ခေါင်းမာတယ် ...
​ပြောစမ်း မင်းတို့ကင်းပုန်း​တွေဘယ်မှာလဲ?"

D Bar လို့​ခေါ်သည့် တရုတ်မာဖီးယားနှင့်လက်နက်ကိုင်အဖွဲ့ ဒုတိယ​ခေါင်း​ဆောင် လီဖန် သည် ဝမ်ရိ​ပေါ် အားဖမ်းမိသဖြင့် ​အရူး​ရွှေရသလို​ပျော်ကာ ရိုက်နှက်​​နေသည်။
သူတို့ အ​နေနှင့် တခါ​လောက်ပဲ ဝမ်ရိ​ပေါ် မျက်နှာကိုထိုးရလျှင်​သေ​ပျော်ပြီ လူလုပ်ရကြိုးနပ်ပြီလို့ပင်​တွေးထားသည်​လောက်​အောင် ဝန်ရိ​ပေါ် သိပ်ထူးချွန်သည်။
ထိုသို့​တွေးထားသည့်နှင့်မျက်နှာရိုက်ရသည်သာမက လူတစ်​ယောက်လုံးကိုပါနှိပ်စက်ထားရသဖြင့် လီဖန် သိပ်ကို​ပျော်​နေပြီ။

"ဟားဟား လီး​တောင်မ​ပြောဘူး
သတ်ချင်သတ်လိုက်"

ဝမ်ရိ​ပေါ် ခနဲ့တဲ့တဲ့သာ​​ဖြေလိုက်သည်။
ဝမ်ရိ​ပေါ်ဟာအထူး ​လေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့ဝင်ရဲတစ်​ယောက်ဖြစ်သဖြင့် နှိပ်စက်ရုံ​လောက်နှင့်​တော့ အစ်​မေးလို့ရမည်မဟုတ်​ပေ။

"​ကောင်းပြီ​လေ ..
မင်းပဲ သူများ​တွေကို​ထောင်ထဲထည့်​နေတာ ​ထောင်နန်းစံရတဲ့အရသာကိုမင်းလည်းခံစားကြည့်ဦး"

လီဖန် ဝမ်ရိ​ပေါ် အား သံ​လှောင်ချိုင့်ထဲထည့်ကာ ထွက်လာခဲ့သည်။
တကယ်သူလည်း ​မှိန်းချင်ပြီ။
ညဘက်သန်း​ခေါင်းယံကသူတို့ အချိန်မို့။

ဝမ်ရိ​ပေါ် ဒီတခါ​တော့တကယ်အထိနာသွားသည်။
D Bar ကိုအမြစ်ဖြုတ်မယ်လို့​ကျွေး​ကြော်လာသမျှသဲထဲ​ရေသွန် ဖြစ်သွားသည်မက ​ထောင်​ချောက်ဆင်ခံလိုက်ရသဖြင့် ရဲဘက်က​တော်​တော်အထိနာသွားသည်။
ဝမ်ရိ​ပေါ် လည်းရဲ​ဘော်ရဲဘက် ဖြစ်သူ ​ရန်လု အားကယ်ရင်း ​​ခြေထိပြီးအဖမ်းခံလိုက်ရသည်။
ဤတွင် ဝမ်ရိ​ပေါ် ​ပေါ့ဆသည့်မဟုတ် သတင်းအတိအကျရခဲ့သည်သာ။
ဆိုရလျှင် ရဲထဲတွင်သူလျှိုရှိ​နေပြီ။

Come and Save MeWhere stories live. Discover now