4

1.3K 143 0
                                    

Uni

"ပါးးးးး!!!!"

"ဘာလဲ ​ရှောင်းကျန့် ရာ မသွားနဲ့ဆိုမသွားရဘူး မင့်​စေတနာ့ဝန်မထမ်းလဲ ငါဆရာဝန်​တွေအများကြီးထည့်​ပေးလိုက်မယ်မပူနဲ့"

"ပါးး ကျွန်​တော်သွားချင်လို့ပါ ​နော်​.နော်"

"မသွားနဲ့ကွာ ငလျှင်လှုပ်ပြီးရင် ကပ်​ရောဂါပါတွဲလာတတ်တယ် မသွားပါနဲ့ ကျန့်ကျန့်ရာ ​ရှောင်းယွမ် လိုကုမ္ပဏီအလုပ်လုပ်ပြီး​​အေး​အေးလူလူ​နေစမ်းပါ"

"မရဘူးသွားမှာ..."

"အားးကျန့်!!"

​ရှောင်းကျန့် သူ့အ​ဖေကိုပုန်ကန်ကာအတင်းအထုတ်ဆွဲထွက်လာခဲ့သည်။
အားခွမ်း​တော့အမဲခံရဦးမည်။
​တွေ့ပုချိအားခွမ်း။

​ဆေးရုံ၌.....

"​ဒေါက်တာလျှို့ (​ရှောင်းကျန့်စီနီယာ)!"

"ဟုတ်ကဲ့ ဗိုလ်ကြီးချန် (အားလန်)"

"ဟို​လေ ​ဒေါက်တာ ယူနန်ကိုလိုက်သွားမလို့ဆို"

"ဟုတ်တယ်ကျွန်​တော်တို့ တဖွဲ့လုံးသွားမှာ..
ဘာလို့လဲမသိဘူး.??"

"မဟုတ်ပါဘူး ကျွန်​တော် ဟို​လေ ..​.တကယ်လို့အမှတ်မထင်ပြန်​တွေ့ခဲ့ရင်​ပြောမယ်..ဟို...."

ချန်လန် ဒဏ်ရာ​ကြောင့်ကွန်မန်ဒိုတပ်မှနားခွင့်ရကာ ယဥ်ထိန်းဘက်ကို​ရွှေ့မိန့်ကျလာခဲ့သည်။
ဒဏ်ရာပြင်းထန်သဖြင့်ကွန်မန်ဒိုအဖြစိပြန်ဝင်ရန်အဆင်မ​ပြေ​တော့​ပေ။
ချန်လန် ​ဆေးရုံတတ်​နေတုန်း တစ်လနီးပါးအတွင်း​အ​ရေး​ပေါ်ဌာနနှင့်​တော်​တော်ရင်းနှီးသလို ​နေ့တိုင်း​ချောင်း​ပေါက်​အောင်လာကာ အစား တမျိုးမဟုတ်တမျိုးဝယ်​ကျွေးသည်။
ချန်လန်ကွန်မန်ဒိုမလုပ်ရ​တော့တာစိတ်မ​ကောင်းမဖြစ်ပါဘူး။
ရဲ​ဘော်ရဲဖက်အတွက်အသက်စွန့်ကာကွယ်ရတာပဲ သူကကံ​ကောင်း​တော့အသက်ရှင်​နေ​သေးပြီး နိုင်ငံ့တာဝန်ကိုလဲတစ်ဖက်တလမ်းကထမ်းရွက်လို့ရ​သေးသည်။

"စီနီယာ!!!!"

အသံပြဲကြီးနှင့်​အော်ကာဝင်လာ​သော​ရှောင်းကျန့်​ကြောင့် သူတို့​နှစ်​ယောက်စကားပြတ်သွားသည်။

Come and Save MeWhere stories live. Discover now