🍃Thank You Readers🍃

9K 781 71
                                    

အခုဆိုရင် Young Love Fic လေး ဇာတ်သိမ်းသွားပြီနော်..

ဒီFicလေးက မြတ်ရဲ့ ဘဝမှာ ပထမဦးဆုံးအကြိမ် စရေးဖူးတဲ့ Ficလေးပါ။

စစရေးခြင်း ဖတ်ပေးတဲ့သူ အရမ်းနည်းခဲ့ပေမဲ့ အဲ့လိုဖတ်ပေးတဲ့ ၃/၄ယောက်ကို အရမ်းကိုကျေးဇူးတင်ရပါတယ် ... သူတို့ကြောင့်မို့ ဒီဇာတ်လမ်းလေး ဖြစ်တည်လာလို့လေ။

ရေးနေရင်းနဲ့ စိတ်ဓာတ်တွေလဲ အမျိူးမျိူးကျခဲ့တယ်.. အရေးအသား အရမ်းညံ့နေတဲ့ အတွက်ကြောင့် Readers တွေကိုတကယ်အားနာခဲ့ရတာပါ။ အရမ်းစိတ်ဓာတ်ကျနေချိန်မှာ အားပေးပြီး ဆက်ရေးဖြစ်အောင်တိုက်တွန်းပေးတဲ့ ညီမလေးတွေ အမတွေကို တကယ်ကျေးဇူးတင်ရပါတယ်။

ဒီလိုနဲ့ရေးရင်း ရေးရင်း ဖတ်ပေးတဲ့သူတော်တော်များလာပြီး  Voteတွေရော Feedback တွေရော သေချာပေးပြီး ကလေး၂ယောက်နေရာက ခံစားပေးခဲ့သူတွေ.., မြတ်ရေးထားတဲ့ စာတစ်ကြောင်းခြင်းစီခံစားပြီး commentပေးကြတဲ့ ချစ်ရတဲ့ညီမလေးတွေ... Fbက Cbထိလာပြီး feedback လေးတွေပေးပြီးလာချီးကျူးကြတဲ့သူလေးတွေကြောင့် အရမ်းကိုပျော်ရွှင်ရပြီး အမှတ်တရတကယ်ဖြစ်ရပါတယ်။

မြတ်ရဲ့ အရေးအသားတွေက  အရမ်းကိုလိုအပ်ပြီး ထိထိမိမိ သရုပ်ဖော်ပေးရမဲ့နေရာလေးတွေမှာ လိုအပ်ချက်တွေအများကြီး ရှိနေပြီး  ထိထိမိမိ မဖြစ်မှာကို တော်တော်ကိုစိုးရိမ်ခဲ့ရတာပါ။

အခုလဲ Young Loveလေးရဲ့ ဇာတ်သိမ်းကို စိတ်တိုင်းသိပ်မကျပေမဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးရေးထားပါတယ်။

အမှန်ဆို Ji Jiလေးနဲ့ ကုကုကီ လေးကို မြတ်ကမခွဲနိုင်သေးတာကြောင့် Finalရေးဖို့ကိုတော်တော် ဆုံးဖြတ်ခဲ့ရတာပါ။ အမှတ်တရ အနေနဲ့ ဒီFicလေးရဲ့ ပထမပိုင်းကို Bang Bang Con ပထမရက်မှာပဲ Published လုပ်ခဲ့တာလေ။

Readers တွေအတွက် အကောင်းဆုံးဆိုတာတွေကို ဖန်တီးပြီးရေးပေးချင်တာတော့ စိတ်ရင်းအမှန်ပါ....

ကောင်းမွန် သေသပ်တဲ့ Ficလေးတစ်ခုဖြစ်ချင်တဲ့ ဆန္ဒကလဲ တကယ်အမှန်ပါပဲ......

ဘာပဲဖြစ်ဖြစ် ဇာတ်အိမ်ရိုးတဲ့လိုအပ်ချက်တွေများနေသေးတဲ့ 🍃Young Love🍃 လေးကို ချစ်ပေးကြတဲ့ ဖတ်ပေးကြတဲ့ Voteတွေပေးကြတဲ့ Reading List ထဲထည့်ပေးကြတဲ့ Commentတွေပေးကြတဲ့  feedback တွေပေးကြတဲ့ တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို အလေးအနက် ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်.............

🍃Young Love🍃 (Unicode + Zawgyi) [Completed]Where stories live. Discover now