part(37)

29.7K 4.1K 189
                                    

ထမင်းစားပွဲမှာ အရင်လို ဂျစ်ကန်ကန် မလုပ်ပဲ ပိုင်ဇေ ငြိမ်သက်နေသည်။မင်းသခင်လည်း ခေါင်းစားနေသည်။သူ့ရဲ့ သွေးမစပ်တဲ့အဖေက ပိုင်ဇေ့ရဲ့ကိစ္စကို ဘယ်လိုသိသွားလည်း သူမသိပါ။သို့သော် ပိုင်ဇေကတော့ တရားခံကို မိမိလို့ ထင်နေမှာအသေအချာပင်။

သို့ထိအောင် ပိုင်ဇေသည် မင်းသခင်ကို ရန်တွေ့ဖို့မပြောနှင့်မျက်လုံးချင်းတောင်မဆုံစေ။မင်းသခင်ရဲ့အကြည့်တွေကတော့ ပိုင်ဇေ သူ့ကိုကြည့်လာမဲ့အခ်ျိန်ကို မျှော်နေပုံပဲ။

"မင်းအလုပ်ထွက်လုပ်စရာမလိုဘူး ပိုင်ဇေ"

ထမင်းစားရင်း နဲ့ ဦးဇေယျနိုင်က စကားစသည်။
"ဒီနေ့ကစပြီး မင်းလိုသမျှအကုန်ပေးမယ်!အလုပ်လည်း ထွက်လုပ်စရာမလိုသလို ! ကြိုက်တဲ့ကောင်မလေးနဲ့တွဲ!ယုတ်စွအဆုံး အိပ်လိုက်စားလိုက်လုပ်နေရင်တောင်မတာဘူး! တခုပဲ ဟိုကောင်နဲ့ ဖြတ်လိုက်!"

ပိုင်ဇေသည် သူ့အဖေပြောတဲ့စကားကို သေချာနားထောင်နေကာ ထမင်းစားဇွန်းကို ချလိုက်ပြီး လှောင် ရိပ်သန်းနေသော အကြည့်တစ်ခုကို ဆောင်လျက်ရှိသည်။
"ဒါဆို ဒီလိုလုပ်ရင်ကော! လိုသမျှလည်းအကုန်ပေးစရာမလိုဘူး!ကောင်မလေးလည်းမရှုပ်ဘူး!အလုပ်လည်းထွက်လုပ်မယ်..အဲ့တာဆိုရင် ကျွန်တော်တို့ကိုသဘောတူမှာလား"

သားအဖ နှစ်ယောက်ရဲ့ အကြည့်ချင်း စစ်ခင်းနေမှုက ဘေးက လူတွေကိုပင် အေးခဲသွားစေသည်။
"ထမင်းစားနေတုန်း အဲ့တာတွေမပြောပါနဲ့အကိုရယ်!"

ဒေါ်မျိုးမျိုးခင်က ဘယ်သူ့အတွက်အမှတ်ဝင်ယူတာလဲတော့မသိ။ပိုင်ဇေက သူ့အဖေကို အကြည့်လွှဲလိုက်ကာ ထိုင်ရာကနေ ထလိုက်သည်။ပန်းကန်ထဲက ထမင်းက နှစ်လုတ်စာလောက်သာကုန်သေးသည်။ပုစွန် ထုပ်အကြီးကြီးတွေက သူ့အကြိုက်ဟင်းတွေချည်းဆိုပင်မယ့် စိတ်ကြောင့်ပဲလားမသိ! တစ်ကယ်ကို စားမဝင်ပါ။ကံကောင်းလို့ ဒေါ်ကြီးမြက ဘေးနားမှာမရှိလို့...ရှိရင် သူအားနာမိမှာပဲ။

"ကျွန်တော်ဝပြီ! ညစာအတွက်ကျေးဇူးပါ"

"ညီ..နည်းနည်းထပ်စားလိုက်ပါအုန်း"

မင်းသခင်က ထမင်းပန်းကန်ကို တလှည့် သူ့ကို တလှည့်ကြည့်ကာပြောသည်။

My Boyfriend is a traffic policeWhere stories live. Discover now