Part (5)

2K 125 7
                                    

Unicode

တစ်ယောက်တစ်ခန်းစီအိပ်ကြပေမဲ့ စိတ်တွေက တစ်ယောက်အကြောင်းတစ်ယောက်တွေးရင်း မိုးလင်းလာခဲ့တယ်

"Morning မမ"
"အစောကြီးနိုးနေပါလား ကလေး မက မနက်စာပြင်နေတာ"
"ဟုတ်လား ဗိုက်ဆာနေတာ အတော်ပဲ ဟီး😁........"

"စားကြမယ်လေ ပီးရင် အလုပ်သွားဖို့ပြင်ရတော့မယ်"
"ဟုတ်ကဲ့☺️"

"အော် ဒါနဲ့ ကလေးလုပ်မဲ့ companyက ဘာလဲဟင်"
"ဟို ဟေမာန်လဲ သိသေးဘူး လာခေါ်မယ်ပြောတယ်"
"အော် အင်းပါ အဆင်ပြေပါစေနော် ကလေး"

အမှန်က surprise တိုက်ချင်လို့ပါ ဟေမာန်က surpriseတိုက်ရတာ ဝါသနာပါတယ်လေ😆😆

"မမ ဆောင်းစားလို့ပီးပီ သွားနှင့်မယ်နော်
"အင်း ဟုပါပီ ဂရုစိုက်သွားနော် ဆောင်းလေးရေ"

(နောက်ပိုင်းမှာ ဆောင်းလို့ပဲရေးတော့မယ်နော်)

အမှန်တကယ်ဆောင်းက companyမှာ အရင်သွားစောင့်နေတာပါ သူ့မမကို

"မမလာတော့မယ်ထင်တယ် surpriseတိုက်ရမယ် ဟဲဟဲ"
"ဟော လာပါပီ ......ဝိုး လှလိုက်တာ 🤩🤩 မန်နေဂျာစတိုင်အပြည့်ရှိတယ် "

ဧကရီလဲ သတိမထားမိပဲ ရုံးခန်းကိုသာသွားလိုက်တော့တယ်

"Good morning ပါ မန်နေဂျာကြီး😁"
"morning ပါအားလုံး ဒီနေ့ ဘာထူးထူးခြားခြားတွေရှိလဲ ပြောပါဦး"
"ဟုတ်ကဲ့ မမဧကရီ"

ခနကြာတော့
"ဒီနေ့ အရေးကြီးတဲ့သူ လာမှာတဲ့ မမဧကရီ ကျွန်မတို့ကိုဦးစီးမဲ့ MDဆိုလား
ဒီနေ့ရောက်မယ်တဲ့"

"အော်ဟုလား တို့အဖွဲ့ကိုလာမှာဆိုတော့ကြိုဆိုဖို့ပြင်ရမှာပေါ့"
"ဟုတ် ခနနေရောက်တော့မယ်လို့ပြောပါတယ် company ရှေ့ရောက်နေပီတဲ့"
"Okok ဒါဆို အဆင်သင့်​ပြင်ကြတာပေါ့"

သူ့ကလေးဆောင်းကိုလဲ သတိရနေမိတယ်
" အခုဆို ခလေးက ဘယ်companyမှာများလဲ သတိရလိုက်တာ "
"မမ ဧကရီ MDရောက်ပီတဲ့ ဝင်လာတော့မယ်"
"ဟုတ်ပီသွားရအောင်"

အဝမှာစောင့်နေရင်း ဝန်ထမ်းတွေတီးတိုးပြောတာကြားရတယ်

"ဟဲ့ အသစ်ရောက်လာမဲ့ MDက မိန်းကလေးတဲ့ ပီးတော့ အရမ်းချောတယ်ကြားတယ်သိလား"
"ပညာလဲတော်တယ်တဲ့ MDနေရာရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးဟ"
"အင်းနော် ငါတို့တော့ ကံကောင်းပီပေါ့"

မထင်မှတ်သောချစ်ခြင်းWhere stories live. Discover now