Uni
လွန်ခဲ့သော၆နှစ်.....
"မသွားပါနဲ့ မသွားပါနဲ့ လို့....."
"ရိပေါ် ရိပေါ်..."
အားလန် လှုပ်နှိုးလိုက်လို့နိုးလာတဲ့ရိပေါ်ဟာ တကယ်အိမ်မက်ဆိုးမက်နေတဲ့ပုံ။
နှဖူးနှင့်နထင်တွင်လည်းချွေးစက်တွေသီးလို့။"ရိပေါ် အိမ်မက်ဆိုးမက်နေတာလား?"
"အင်း အားလန် အိမ်မက်ထဲမှာ လူတစ်ယောက်ငါ့ကိုထားသွားတယ်..
ငါသူ့နောက်ကျောကိုပဲမှတ်မိတယ် ..
မျက်နှာကိုမမှတ်မိတော့ဘူး..""ဆောင်းတွင်းအိမ်မက် ကရောက်ကယက်နေမှာပါကွာ..
လာထ ငါမင်းအတွက်ကော်ဖီဖျော်တိုက်မယ်"တကယ်တော့ဆောင်းတွင်းအိမ်မက်ရယ်လို့မဟုတ်ပေ။
ရိပေါ် ထိုအိမ်မက်တခုတည်းကိုထပ်ခါထပ်ခါမက်တတ်သည်။
ထိုကိစ္စကိုတော့ရိပေါ်မပြောဖြစ်လိုက်။
သို့နှင့်ရန်လုကိုပါနှိုးပြီး သုံးယောက်သားမနက်အစောကြီးကော်ဖီထသောက်ကာလေ့ကျင့်ရေးကွင်းပတ်ပြေးကြသသည်။
သုံးယောက်ထဲတွင် ချန်လန်ကအသင့်အတင့်နေနိုင်စားနိုင်၏။
ရိပေါ် ကတော့မိဘမဲ့မို့ ရဲတပ်ရင်းတွင်နေပြီးထမင်းစားရရင်ပင်အဆင်ပြေပြီ။
ရန်လုကတော့ ညီမလေးနှစ်ယောက်နှင့်လူမမာအဖေရှိသည်။
လေဖြတ်ထားတဲ့အဖေကအလုပ်မလုပ်နိုင်တော့အမေဖြစ်သူဆရာမကပဲလုပ်ကျွေးရသည်။
ကလေးတွေကျောင်းထားရင်းနှင့်လူမမာတစ်ဖက်ပြုစုရသည့်အမေလဲ အသက်ကြီးလာတော့မတက်နိုင်ပေ။
ထို့ကြောင့်လဲ ချန်လန်ကဝါသနာပါရာ သီချင်းတွေကိုစွန့်လွှတ်ကာ ရဲတပ်ရင်းထဲဝင်လာခဲ့သည်။
ခံစားချက်ကိုယ်ဆီနဲ့ ကောင်လေးနှစ်ယောက်ကိုဖေးမရင်းချန်လန်ကအစ်ကိုကြီးသဖွယ်စောင့်ရှောက်သည်။
လေ့ကျင့်ရေးကျောင်းတွင်တခါတခါမီးပုံလေးဖို ကာရန်လုကဂီတာတီးသီချင်းဆိုပြတတ်သည်။
တကယ်အသံကောင်းလိုက်တာ အဆိုတော်အတိုင်းပဲ။
တကယ်တော့ လူငယ်ဘဝဆိုတာလွမ်းစရာအပြည့်နဲ့မဟုတ်လား။.................
လက်ရှိ ......
"Master! Officer Wang is here"
YOU ARE READING
Come and Save Me
FanfictionUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...