ယူနီ
ဟန်ဆောင်အမုန်း
အပိုင်း၁၃
Krist
အဲနေ့ကတော့ သူနဲ့ ဖြစ်ခဲ့တဲ့ အကြောင်းကို အကိုမသိအောင် မလိမ့်တပတ် ဖြေခဲ့သည်။
အကိုယုံကြည့်သည်အထိပေါ့။ကျနော် ကိုယ်လုံးပေါ် မုန်ရှေ့ ဝတ်စုံကို ရွေးနေမိသည်။ နာမည်ကြီး ဖက်ရှင်ဆိုင်ရဲ့ ထောင့်တစ်နေရာမှာ ကျနော်နဲ့ လိုက်ဖက်မယ် အရောင်တွေကို ဝတ်ဆင်ကာ ကြည့်နေမိသည်။
ဝတ်စုံငွေရောင်လေးကို သဘောကျခဲ့သည်မို့ ကုတ်ငွေရောင်လေးရယ် စတိုင်ဘောင်းဘီငွေရောင်လေးရယ်က ကျနော့်ကိုယ်ပေါ်မှာ ခန့်ထည်မူကို ပံပိုးပေးနေလေသည်။ မုန်ရဲ့လွတ်နေတဲ့ မြင်ကွင်းတစ်ခုမှာ လူတစ်ယောက်နေရာ ယူလာသည်။
အဲဒါက အကိုJungပါ အနက်ရောင်ကုတ်နဲ့ အနက်ရောင်စတိုင်ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ သူက နဂိုခန့်ညားမူကို ပိုကာ ခန့်ညားစေသည်။ ရပ်ရှည်းတဲ့အရပ်အမောင်းနဲ့ ရိတ်ထားတဲ့ ပါးသိုင်းမွေးစိမ်းစိမ်းလေးတွေက ဆိုင်ဝန်ထမ်းမိန်းကလေးတွေသာမက ဆိုင်ပြင်က ပျိုမဒီလေးတွေကို ငေးမောစေသည်။
"အကိုအရမ်းခန့်နေတယ်ဗျာ … …
မုန်ကိုကြည့်ရင်းသူကိုပြောလိုက်သည်။
"ဟားးး ငါညီကတော့ ညီလည်းအရမ်းခန့်ပါတယ် … …
သူရဲ့တုံပြန်မူကို အားရကျေနပ်စွာ ကျနော်ပြုံးရင်း သူဘက်လှည့်လိုက်သည်။
"ညီရာမသိရင် ကိုတို့က မင်္ဂလာစုံတွဲတွေကျနေတာပဲ … …
သူရဲ့ပြောစကားက ကျနော်အတွက် အနည်းငယ်ဆန်းနေပေမယ့်။ အသိကတော့ သူနောက်နေတာလို့ပဲ ကောက်ချက်ချမိသည်။
"ဟာ အကိုတော့နောက်ပြီ … …
သူရဲ့သွားပေါ်ရယ်နေတဲ့ အပြုံးတစ်ခု ရပ်တန့်သွားကာ ပါးစပ်စီ့ရုံပြုံးပြလာသည်။သု့အပြုံးရဲ့ အစိပ္ပာယ်ကို ကျနော်နားမလည်နိုင်ခဲ့။
"ကဲပါ လာပါတီနောက်ကျတော့မယ် … …
"ဟုတ်အကို … …
ဝတ်စုံဝတ်ပြီး ပွဲသို့ အကို့ကားနဲ့ လိုက်လာခဲ့သည်။ခြုံတစ်ခြုံရဲ့ အရှေ့ရောက်မှာ အကို ကားလေးကို ရပ်လိုက်သည်။ နှစ်ယောက်သားဆင်းလိုက်ကျပြီး။ ကားဒရိုက်ဘာနဲ့ ပြန်လွှတ်လိုက်သည်။
أنت تقرأ
ဟန်ဆောင်အမုန်း(Completed)Zawgyi &Unicode
أدب الهواةရုပ်ဆိုးလေးကနေ ချောမောတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ သူ တစ်ချိန်က အနိုင်ကျင့်ခဲ့တဲ့ တိတ်တခိုးချစ်ရသူကို လက်စညးချေဖို့ ရောက်လာတဲ့အခါ။ Apr-15ရက်,2019 ခုနှစ်တွင် facebook ပေါ်တွင် စတင်ရေးသား ခဲ့ပါသည်။