Chapter 11💛(uni)

2.6K 209 1
                                    


မိုးတိတ်သွားတယ်လို့ပြောရအောင်‌လည်းမိုးသံတွေက ရပ်တန့်မနေခဲ့။ငုံထားတဲ့ မျက်နှာကိုလည်းမမော့ကြည့်ရဲ။အခုအချိန်သူ့မျက်လုံး တွေကငိုနေမှန်းသိသာနေမှာမို့။ဒီလူ ရှေ့မှာဒီလိုပုံစံကိုမပြချင်ဘူး။‌ရှေ့ကရုပ်နေတဲ့ ခြေအစုံကို သိနေနှင့်ပြီးသား။စောတာပဲ မိဘတွေ့စုံပွဲက။ကျနော်အဲ့ထက်ကြာမယ် ထင်ထားတာ။

လုံဝကိုမော့ကြည့်စရာ မလိုလောက်အောင် မှတိမိနေတာပဲ။ စက္ကန့်ပိုင်းလောက်ပဲ ပြန်စုံပေမယ့် တော်တော်ဆိုးတဲ့ ကျွန်တော်က မှတ်မိနေသတဲ့။အသံကို အတတ်နိုင်ဆုံး ထိန်းပြီး နာကျည်းနေတဲ့ နှလုံးသားလေက စကားပြောဖို့စေလာတယ်။

"ခင်ဗျားဘာလာလုပ်တာလဲ"

"မင်းကရော ဘာလို့မိုးရေထဲမှာ ထိုင်နေရတာလဲ ပျော်ဖို့ကောင်းလား?"

ကိုကိုမော့တောင်မကြည့်ချင်တာလား??ရိပေါ်
မင်းက ပြန်ဆုံတာတောင် ဘာမှမသိသလို မသိချင်ယောင် ဆောင်ခဲ့တယ် ဒီအတိုင်းမေ့ပြစ်ဖို့ ပဲအားသန်နေခဲ့တာ။အခုလည်း တချက်လေးမှမော့ မကြည့်ဘူး။

ငါနှောက်ယှက်မိသွားတာပဲ
မိုးရေထဲမှာ မိုးစက်တွေနဲ့တသားထဲ တောက်တောက်ပပ ထိုင်နေတဲ့ကောင်လေးကို
ငါလာလို့ တော်တော်စိတ်ပျက်သွားပုံပဲ
မင်း ငါ့ကိုခဏတာဖြတ်သွားတဲ့ လူဖြစ်‌စေချင်နေတဲ့ပုံပဲ။

စိတ်ချပါ ငါလဲ အတင်အကျပ်ဘာမှမလိုချင်တာမို့ ။ဒီတိုင်း မင်းအကြိုက်တဲ့ငါဖြစ်လို့ ဝမ်းနည်းမိရုံပဲ။

"ပျင်းလို့ မိုးရေအောက်မှာ နေရတာလေးကဘယ်လိုလဲလို့
အခုတော့ ခင်ဗျားက နှောက် ယှက်လိုက်ပြီပေါ့"

"မိုးမိပြီတခုခု ဖြစ်မှာရော မသိတာလား
နောက်ပြီး လက်က ဘာဖြစ်တာလဲ
ရေစိုတာက အဆင်ပြေလို့လား"

ဟက်...အခုဘာကိုလာ စိတ်ပူနေတာတုန်း
ရယ်ရတယ် ဟာသတွေ
ဒီတိုင်း ကျနော်ကို စောင့်နေဖို့တောင်မတွေးဘဲနက် ဒါပေမယ့်သူအပြစ်မှမဟုပ်ဘဲ
ကျန့်ကောမှန်ပါတယ်
ခင်ဗျားကို ငြင်းခဲ့တဲ့သူကို စောင့်နေရအောင်
ခင်ဗျားကရူးနေတာ မှမဟုပ်ဘဲ
ဝမ်ရိပေါ် ...ဝမ်ရိပေါ် အခုဘယ်သူကဘယ်သူကို ဒေါသထွက်နေတာတုန်း

Yellowish Love (Complete)Where stories live. Discover now