Love is...

390 46 32
                                    

[Unicode]

Sehun ငယ်ငယ်ထဲက ကြင်နာမှုတွေဆိုတာ
ဘာမှန်း ကောင်းကောင်းနားမလည်ခဲ့ဘူး။
အချစ်ခံရတဲ့ ခံစားချက်ကိုလဲ ရေရေရာရာ မသိခဲ့ဘူး။

အဖေကတော့ အရက်မူးလာရင် ပြောလေ့ရှိတယ်
အချစ်နဲ့ ကြင်နာတတ်တဲ့ လူတွေဆိုတာ လောကမှာ ကြောက်ဖို့‌အကောင်းဆုံး အရာတွေပဲတဲ့။

သူတို့ကို တစ်ခါလောက် မြည်းစမ်းကြည့်ဖူးရုံနဲ့
တစ်သက်လုံး သူတို့မရှိရင် မနေနိုင်ဖြစ်အောင်လုပ်ပစ်မယ့် ကြောက်ဖို့အကောင်းဆုံး အရာတဲ့။

Sehun အစက အဲ့ စကားတွေကို မယုံသလိုလို ယုံသလိုလိုပဲ။ အများကြီး စိတ်ထဲမထားခဲ့ဘူး။

သူနဲ့ မတွေ့ခင်အထိပေါ့။

.......................................................................
ပုံမှန်လိုပဲ ရေချိုးပြီး စာရေးစားပွဲမှာ ထိုင်ကာ စာပြပေးမယ့် Jong In Hyungကို စောင့်မိတယ်။

"Sehuniee နှုတ်ဆက်လိုက်! သူက Baekhyunတဲ့!
Hyung စာပြပေးနေတဲ့ ကျောင်းသား! သူက ဒီနေ့ကစပြီး ဒီအိမ်မှာပဲ စာလာလုပ်တော့မှာရယ်! နှစ်ယောက်သား ချစ်ချစ်ခင်ခင်နေကြနော်!"

Jong In Hyung က မိတ်ဆက်ပေးပြီး
အောက်ခဏဆင်းသွား‌တော့ Baekhyunဆိုတဲ့
ဖြူဖြူသေးသေး ကောင်လေးက သူ့အနားကို
ကပ်လာပြီး သေချာကြည့်နေတယ်။
တော်တော်ကို အနားကပ်နေတာမို့ Sehun
မသိမသာပင် အနောက်ဆုတ်လိုက်မိသည်။

"ကျောင်းဝတ်စုံက ငါတို့ကျောင်းကပဲ! Sehunက
ဘယ်အတန်းကလဲ? ငါက အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ ကျောင်းမှာ ငါ့ထက်ကြီးတာတော့ မရှိလောက်ဘူး! အငယ်တန်းကပဲနေမယ်! ဟုတ်တယ်မလား?"

စောစောကထဲက တော်တော် နီးကပ်နေတာကို
အားမလို အားမရ သဘောမျိုးနဲ့ ထပ်တိုးလာတဲ့
သူ့ကြောင့် အနောက်ထပ်ဆုတ်လိုက်မိသည်။

"ဟုတ်... ကျွန်တော် ဒုတိယနှစ် 1 - A ခန်းကပါ"

"အာ! အဲ့တာကြောင့် မြင်ဖူးတယ်ထင်နေတာ လှေကားနဲ့ ကပ်ရပ်အခန်းက မှတ်လား! နောက်ဆိုကျောင်းမှာ Hyung အောက်ဆင်းလာလို့ တွေ့ရင်ခေါ်နော် Sehuniee!"

သူ့ကို ပြုံးပြနေတဲ့ Baekhyunကို ကြည့်ရင်း
Sehun ခေါင်းလေး အသာငြိမ့်ပြလိုက်သည်။

Dream That Fades AwayWhere stories live. Discover now