အပိုင်း ၈ (သုံးလောကမှာ အလှဆုံးနတ်သမီး)

555 70 5
                                    

အပိုင်း ၈ (သုံးလောကမှာ အလှဆုံးနတ်သမီး)

ကောင်းကင်ဘုံတွင်ပန်းပွဲတော်နေ့ဖြစ်သဖြင့် ပြင်ဆင်နေကြသော နတ်သမီးများဖြင့်စည်ကားနေသည်။ နေရာဌာနပေါင်းစုံမှ နတ်အမျိုးနွယ်များလာရောက်ကြမည်ဖြစ်သဖြင့် အထူးဂရုစိုက်ကာမွမ်းမံနေကြသည်။ ဖိတ်ကြားခံရသောနတ်မျိုးနွယ်များကလည်း ပွဲတော်အတွက်အထူးတလည်စိတ်လှုပ်ရှားနေကြသည်။ ပန်းပွဲတော်ဖြစ်သည်သာမက ကံကြမ္မာကျောက်တိုင်၏ဟောစာတမ်းအရ ယင်စွမ်းအင်အမြင့်ဆုံးပုဂ္ဂိုလ်လည်းပေါ်ထွက်လာမည်ဖြစ်သဖြင့် အားလုံးကမျှော်လင့်နေကြသည်။

ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်သဖြင့် နတ်သမီူငယ်များမရှိကြတော့ပေ။ မျိုးစုံလှသောပန်းပေါင်းစုံဖြင့်အလှဆင်ထားသော ကောင်းကင်ဘုံရှိလျှောက်လမ်းများသည် နှိုင်းယှဥ်စရာစကားလုံးမဲ့လောက်အောင်လှပလွန်းသည်။ ပန်းနတ်ဘုရားမသည် ပြင်ဆင်ထားသည်များကိုကြည့်ကာ တစ်စုံတစ်ခုလိုအပ်နေသည်ဟုခံစားရသဖြင့် လက်ချောင်းလေးများကို ညင်သာစွာဝှေ့ယမ်းလိုက်သောအခါ အမျိုးစုံစွာလှပနေသော ပန်းပွင့်ပန်းခက်များပေါ်တွင် အရောင်သွေးစုံသော လိပ်ပြာကလေးများပျံဝဲလျက်။ သက်ရှိလိပ်ပြာမဟုတ်သောကြောင့် လက်ဖြင့်ထိလိုက်သောအခါ ရောင်စုံ အလင်းမီးဖွားကလေးများအဖြစ် ဖြာကျလာလေသည်။

"ပြည့်စုံသွားပြီ''

နတ်မင်းအသီးသီးကလည်း သူတို့၏သက်ဆိုင်ရာဌာနအသီးသီးမှ ထွက်လာကြပြီဖြစ်သည်။ အရှေ့ပင်လယ်နဂါးမင်းသည်လည်း နဂါးပုလဲကိုဆောင်ယူကာ သမီးငယ် ချူယင်ကို ခေါ်ဆောင်လျက် ကောင်းကင်ဘုံနန်းဆောင်သို့ သွားပြီဖြစ်သည်။

ချူယင်၏မျက်လုံးထဲတွင် လန်လန်အား အထင်သေးသည့်အကြည့်ဖြင့်ကြည့်ကာ အောင်နိုင်သူအပြုံးဖြင့်လိုက်ပါသွားတော့သည်။

လန်လန်လည်း စိတ်ပြေလက်ပျောက် ကြာပန်းလှိုင်ဂူသို့ထွက်လာခဲ့သည်။ ထိုအခါ ကြာပန်းနတ်သမီး လင်ဟွားသည် သူမ၏ကျောက်စိမ်းဓားကိုကိုင်ဆောင်လျက် ဂူထဲမှထွက်လာသည်ကိုတွေ့လိုက်ရသည်။

အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)Where stories live. Discover now