9

1.1K 100 6
                                    

Uni

"ရွှီးး......."

ယဥ်ထိန်းရဲ၏အချက်ပြသံ​ကြောင်းလျှို့ကျိုးကားကိုတုံ့ခနဲရပ်လိုက်သည်။
ယဥ်ထိန်းရဲက အချက်ပြတုတ်ကိုကိုင်ကာ သူ့ကားဆီတဖြည်းဖြည်း​လျောက်လာ​တော့လျှို့ကျိုးရင်ထဲထိတ်ခနဲ။
ဒဏ်​​ငွေ​​ဆောင်ရ​တော့မည်ဆို​သောအသိ​လေးကဘဏ်ကဒ်​လေးထဲကပိုက်ံ​ဆံ​လေး​တွေအ​တောင်​ပေါက်တာမြင်​ယောင်လာသလိုလို။

"​ဒေါက် ...​ဒေါက်..."

ကားတံခါးကို​ခေါက်လာ​သောယဥ်ထိန်းရဲ​လေး​ကြောင့်တံခါးမှန်ကိုချလိုက်သည်။
တကယ်ဆိုမိမိက မီနီဖြတ်​မောင်းသူမဟုတ်လား။
ယူနန်က​နေပြန်လာပြီးပထမဆုံး​​ဆေးရုံကိုပြန်ဆင်းရမည့်​နေ့တွင် မ​နေ့ညကတညလုံး ​အဖွဲ့သားများနှင့်သောက်ထားမှု​ကြောင့်​နောက်ကျ​နေ​သော​ကြောင့်မီနီကိုဖြတ်​မောင်းလာမိသည်။

"​ဒေါက်တာ..."

ရင်းနှီး​သောအသံဖြစ်သည့်အပြင် မိမိကဆရာဝန်ဆိုတာကိုလဲသိ​နေ​သောထိုသူကို​မော့ကြည့်မိ​တော့။

"ဗိုလ်ကြီးချန်..."

ဒဏ်​ငွေ​လေးများ​လျော့​ကြေး​ပေါ့​ကြေးရမလားလို့ သွား​တွေကိုအဆုံးထိဖြဲပြမိ​တော့ ခဏဆင်းခဲ့ပါဦး​ဒေါက်တာတဲ့။

"​ဒေါက်တာ .. မ​တွေ့တာကြာပြီ​နော် ."

"ဟုတ်တယ်ဗိုလ်ကြီးချန် ..
ဒါနဲ့​လေမြန်မြန်​လေးချလန် ဖြတ်​ပေးပါလား..
ကျွန်​တော်နောက်ကျ​နေလို့   ...
ချန်လန်ဖြတ်ရမယ်...
ကျွန်​တော်ဘာဖြတ်ရမှာလဲ​ဒေါက်တာ...??"

"အာ..ဒီဗိုလ်ကြီးနယ်.. ချလန် ..​ဘောက်ချာ....
ချန်လန်.. မဟုတ်ဘူး..
​နောက်ကျ​နေပါတယ်ဆို.."

နှုတ်ခမ်းတလန်ပန်းတလန်နှင့်ရန်​တွေ့​နေတဲ့​ဆရာဝန်​လေး အဲ့​လေ သူ့ထက်ကြီး​တော့ဆရာဝန်ကြီးကို တကယ်ပဲ ကိုက်စားပစ်လိုက်ချင်ပါသည်။

"​ဒေါက်တာက ကျွန်​တော့်ကို​တွေ့တာမ​ပျော်ဘူးလားး?"

"​ပျော်ရမှာလားဗျ ဖမ်းခံထိတာကို.."

"အဆို​နောက်တခါမဖမ်းရ​အောင်​မောင်း​နော်အန္တရာယ်များတယ်..
ပြီး​တော့ကျွန်​တော့်ကိုဖုန်းနံပါတ်​ပေး .."

Come and Save MeWhere stories live. Discover now