Uni
"ရိပေါ်...ရိပေါ်"
ရှောင်းကျန့်စဥ်းစားဆင်ခြင်နိုင်စွမ်းတွေကိုအလွမ်းတွေကအနိုင်ယူကာအပြာရောင်မီးမှိန်မှိန်အောက် သံစဥ်တွေနဲ့ဆီးမျောနေတဲ့သူ့ကို ဆောင့်ဆွဲလိုက်မိသည်။
"ရိပေါ်..."
အရက်ရှိန်ကြောင့်ယိမ်းယိုင်နေတဲ့ ရှောင်းကျန့် ခန္ဓာကိုယ်ရယ် စိတ်လွတ်လက်လွတ်ကနေတဲ့သူရယ် ဘုန်းခနဲထပ်လျက်ပစ်လဲသွားသည်။
ရှောင်းကျန့်ကအပေါ်ကဖိမိထားပေမဲ့ ရုတ်တရက်ပြန်မထဘဲ လွမ်းနေခဲ့ရတဲ့မျက်နှာလေးကိုသာငေးနေမိ၏။"ဘာလုပ်နေတာလဲ မထဘူးးလားးး?"
ဒေါသတကြီးနဲ့မေးလာတော့မှ သတိဝင်ကာအတင်းကုန်းရုန်းထရသည်။
မြတ်နိုးရတဲ့အလုပ်ကြောင့်ဘောင်ခတ်ထားရပြီဖြစ်တဲ့ရှောင်းကျန့်မျက်ဝန်းလေးတွေကတော့ စိုစွတ်စပြုနေပြီ။"ခင်ဗျားဘယ်သူလဲ?"
"ရိပေါ်... ကိုကို လေ... ကိုယ်ရှောင်းကျန့်ပါ..
ကိုယ်...ကိုယ်.. နှုတ်ခမ်းမွှေးတွေမရိတ်ထားလို့မမှတ်မိတာလား?
ကိုယ်လေ ရှောင်းကျန့် ပါ"တုန်ရီနေတဲ့အသံရယ် သူ့ကိုလွမ်းတဲ့အလွမ်းတွေရယ် သောက်ထားတဲ့အရက်ရှိန်ရယ်ကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးတွေက သူ့ဆီကိုဦးတည်လိုက်သည်။
"တောက်.. ရွံလိုက်တာ.. ထွီ..."
ရှောင်းကျန့်အားပြင်းတဲ့လက်တစ်စုံရဲ့တွန်းအားကြောင့် လူမှန်းသူမှန်းမသိအောင်ပစ်ကျကာမူးနောက်သွားပြီးပြန်သတိထားမိတော့ တော်တော်လေးပွဲကျနေပြီး သူ့ကိုဝိုင်းကြည့်နေကြသည်။
ရှောင်းကျန့် နမ်းလိုက်မိတဲ့ကောင်လေးကလဲ သူ့ကိုပစ်စလက်ခတ်တွန်းပစ်ကာ လဲကျသွားတဲ့ သူ့ကိုကျော်ခွထွက်သွား၏။
ဒေါသတကြီးနဲ့ထွက်သွားတဲ့ထိုကောင်လေးနောက်မျက်ဝန်းပြာပြာနဲ့ကောင်မလေးတစ်ယောက်ပြေးလိုက်သွားတော့ ရှောင်းကျန့်ကိုတခါကဖမ်းပြီးသတ်ဖို့လုပ်ခဲ့တဲ့ထိုကောင်မလေးမဟုတ်ပြန်။
မျက်ဝန်းပြာတွေကိုမုန်းလိုက်တာ။
YOU ARE READING
Come and Save Me
FanficUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...