part(42)

29.4K 3.6K 284
                                    

အပေါ်ထပ်ကအခန်းတွင်နေရာယူပြီးတော့ ပိုင်ဇေက ရေအရင်ချိုးနေတာကြောင့် သြရပစ္စည်းတွေကို နေရာမချသေးပဲ အောက်ထပ်သို့ ဆင်းလာတော့ ကိုရန်နိုင်က "လာအုန်းလာအုန်း" ဟုဆိုကာ လက်ယက်ပြီး ခေါ်သောကြောင့် သြရ သူ့အနီးကိုသွားလိုက်သည်။
"အကိုမသွားသေးဘူးလား!ကျွန်တော်က သွားလိုက်ပြီတောင်ထင်နေတာ"

"နေစမ်းပါကွာ..ငါမေးစရာရှိလို့! မင်းခေါ်လာတဲ့ကောင်လေးက အသက်ကော ပြည့်ပါတယ်နော်"

"ဗျာ!ပြည့်ပါတယ်"

"အေးကွာ အရပ်က ပုတလိပုတလက်ဆိုတော့ အသက်မပြည့်တဲ့ကလေးနဲ့ပိုတူလို့!ဘယ်လို ကြောင့် ခိုးပြေးတဲ့အထိအဆင့်ရောက်သွားတာလဲကွ"

ကိုရန်နိုင်သည် သြရမောင်ရဲ့အကို သြရသ ၏သူငယ်ချင်းပင်မယ့် သူ့ကို ညီတယောက်လိုခင်ရှာသည်မို့ ပြောမနာဆိုမနာလည်း ဖြစ်နေသည်။သြရသနှင့် ရန်နိုင်သည် house surgeon ဆင်းရသည့်အချိန်တွင်အဖွဲ့တူတူကျခဲ့သည်။ညီငယ်ကို တအားချစ်သည့်အကို အဖြစ်သြရသကို ရန်နိုင် တော်တော်လေးစားခဲ့ရသည်။ရုပ်လည်းသန့် စာကတော်သည့်အပြင် မိသားစု အင်အားကလည်းတောင့်တင်းလှသည်။ဘာကြောင့် suicideလုပ်ခဲ့လည်း စဉ်းစားလို့မရပါ။သြရသသည် အမြဲ သွက်လက်ဖျတ်လတ်နေတဲ့ ဆရာဝန်ပေါက်စဖြစ်သည်။ သြရသ သေကြောင်းကြံစည်ပြီး ဆေးရုံပေါ်တွင်လှဲနေသည့်အချိန်တွင်လည်း
လမ်းမှားရောက်နေသည့်သူငယ်ချင်းရဲ့ညီ သြရမောင်ကို သူကအနည်းနှင့်အများ ထိန်းကျောင်းပေးခဲ့ရသည်။ညဏ်မနိမ့်လှသော သြရမောင်သည်လည်း သူ့လမ်းကြောင်းမှန်အပေါ်သူပြန်ရောက်လာပြီး သူ့အကိုဝါသနာပါတဲ့ ယာဉ်ထိန်းရဲအလုပ်ကို ဆက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သည်။

ရန်နိုင်ကတော့ အစိုးရဆရာဝန်အဖြစ်အလုပ်လုပ်ပြီးနောက်မှာ ကိုယ့်ဇာတိဖြစ်တဲ့ တောင်ပေါ်မြို့ ကိုပြန်လာကာ ဆေးခန်း လေးဖွင့်ထားသည်။လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ခိုင်သူဇာ ဆိုတဲ့ ဆေးခန်းလာပြသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက မိန်းကလေး တစ်ယောက်နှင့် ချစ်ကြိုက်ပြီး လက်ထပ်ခဲ့သည်။
သြရသည် ကိုရန်နိုင်ကို ပိုင်ဇေ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို အတိုချုပ်ရှင်းပြလိုက်သည်။
"သူအဲ့ပတ်ဝန်းကျင်မှာ အဆင်မပြေဘူးအကို...အဲ့တာကြောင့်သူစိတ်ငြိမ်သွားဖို့ ကျွန်တော် ဒီကိုခေါ်လာတာ.."

My Boyfriend is a traffic policeWhere stories live. Discover now