Zawgyi

596 38 28
                                    

နေ့လည်လောက်ကတည်းက ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေခဲ့ပြီးမှ ညနေခင်းကျောင်းဆင်းချိန်မှာတော့ မိုးကအငြိုးကြီးကြီးရွာချနေသည် ။ဆယ်ဟွန်း ကျောင်းဆောင်ထဲကမထွက်သေးပဲ သည်းကြီးမဲကြီးရွာနေတဲ့ မိုးရေစက်တွေကိုသာ ရပ်ကြည့်နေမိသည်။ ကားရှိရာဆီသွားဖို့ ထီးပါပေမယ့် ဒီပုံစံနဲ့ဆို စိုမှာပဲဖြစ်မှာမို့ မိုးနည်းနည်းလေးစဲတဲ့အထိစောင့်နေခြင်းပင်။ ဆယ်ဟွန်း မိုးရာသီကို မကြိုက်ဘူး။ မှုန်မှိုင်းနေတဲ့ အခြေအနေနဲ့ စိုစွတ်မှုကို တကယ်မနှစ်ခြိုက်တာပဲဖြစ်သည်။

"ဒီနေ့မှပဲ ထီးကပါမလာဘူး ... မိုးကလည်း သည်းနေလိုက်တာ"

ကျောင်းခေါင်မိုးကကျဆင်းနေတဲ့ မိုးရေစက်တွေကို ကြည့်နေတုန်း ဘေးကရေရွတ်သံတိုးတိုးလေး ...
ယောကျာ်းလေးတစ်ယောက်ရဲ့အသံမှန်းသိသာပေမယ့် ချိုအီအီလေးနဲ့ တစ်မျိုးလေးနားထောင်လို့ကောင်း၏။

ဘေးဘက်ကို အနည်းငယ်စောင်းကြည့်လိုက်တော့
နားထဲကြားနေရတဲ့ မိုးသံတွေကိုတောင် မကြားရတော့လောက်အောင် တိတ်ဆိတ်သွားရသည်အထိ မြင်ကွင်းလေးက လှရက်လွန်းသည်။

ဖြူဖွေးဖွေးအသားအရည်လေးနဲ့ ကိုယ့်ထက်အတော်အတန်သေးငယ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးက သေးညှပ်ညှပ်ကလေး။ ပါးပြင်ဖောင်းဖောင်းလေးတွေက ပန်းနုရောက်ယှက်သွေးနေပြီး အမဲရောင်ဆံပင်အုပ်အုပ်လေးတွေနဲ့ ဘေးတိုင်မြင်နေရတဲ့ မျက်တောင်ကော့ညွှတ်ညွှတ်လေးတွေက ပန်းချီကားချပ်လေးသဖွယ်။ မိုးကိုကြည့်ပြီး ရှုံ့မဲ့မဲ့ပြောနေပုံလေးက ကလေးလေးတစ်ယောက်လို ချစ်စရာအတိ။

သက်ရှိအရုပ်လေးကို ငေးကြည့်နေမိတုန်း ကိုယ့်ဘက်ကိုလှည့်ကြည့်လာတဲ့ မျက်နှာလေးက နုနုဖက်ဖက်ကလေး။ မျက်လုံးလေးတွေက ဝိုင်းနေတာပဲ။ စိုက်ကြည့်နေတဲ့ ကိုယ့်ကိုမြင်တော့ ချက်ချင်းပင် အရှေ့ကိုလှည့်ကာ အကြည့်ပြန်လွှဲသွားသည်။ မျက်လုံးလေးတွေကလည်း တောင်ကြည့်မြောက်ကြည့်နဲ့။ ချစ်စရာကောင်းလိုက်တာ။

ငေးကြည့်နေမိတုန်း ကောင်လေးက မိုးရေထဲပြေးထွက်မည် ပြင်သည်မို့ ....

Lily Of The ValleyWhere stories live. Discover now