ပထမဆုံးအချစ်ကိုနောက်ဆုံးထိချစ်နိုင်တယ်လို့ထင်ခဲ့တာ တကယ်တော့မဟုတ်ခဲ့ပါဘူး
.....................................................
'Baek ကိုယ်တောင်းပန်ပါတယ် မင်းကိုအဲ့လိုမပြောသင့်မှန်းသိပေမယ့် တစ်ယောက်ထဲလျှောက်သွားနေတဲ့အတွေးကငါကိုဒေါသထွက်စေခဲ့တယ် တောင်းပန်ပါတယ် Baekhyun"နောက်ကနေစကားတွေမရပ်မနားပြောနေတဲ့ သူကြောင့် ဆက်လျှောက်ရမယ့်ခြေလှမ်းတွေက နေရာကနေမရွေ့နိုင်တော့ဘူး သူ့စကားတစ်ခွန်းက အဲ့လောက်ထိကို ကျွန်တော်အပေါ်သက်ရောက်နိုင်တယ်
ဘာမြှပန်မပြောသေးတဲ့ Baekhyunကြောင့် ခွင့်လွှတ်ပေးပါ့မလားဆိုတဲ့စိုးရိမ်မှုဒီဂရီကထိပ်ဆုံးရောက်ရှိနေပြီ အခုချိန်ထိ လှည့်လည်းမကြည့် စကားလည်းပြန်မပြောသေးတာကြောင့် စကားထပ်စရန်ပြင်နေတုန်းရှိသေးတယ် အနောက်လှည့်ကြည့်လာတဲ့ Baekhyunကြောင့် ပြောရန်ပြင်ဆင်ထားတဲ့ စကားတွေကပျောက်ရှခဲ့ရသည်
"မပြန်သေးဘူးလားအိမ်ရှေ့စံမင်းသားလေး"
အကြောင်းအရင်းမအပ်စက်ပဲ ပြောလာတဲ့ Baekhyun စကားကြောင့်လူကကြောင်ရပြန်သည် နောက်တစ်ခေါက်ပြန်ပြောမှဘာကိုဆိုလိုမှန်းနားလည်တော့သည်
"မိုးချုပ်တော့မယ်မပြန်သေးဘူးလား"
"မင်းစိတ်ဆိုးတာပြေရင်ပြန်မယ် စိတ်ဆိုးပြေပြီလား" စကားပြောရင်း Baekhyunအနားလျှောက်လာလိုက်သည် မျက်နှာကလည်းပြုံးစိစိနဲ့
"မင်းသားဖြစ်ပြီးတည်တည်ငြိမ်ငြိမ်ကိုမရှိဘူး"
"ဟေ့ ဟေ့ဘာပြောတာလဲ"
"နားကလည်းပါးလိုက်တာအဲ့တာကြောင့်သူ့နားကသူများနားတွေနဲ့မတူတာ"
"တိုးတိုးလေးပြောမနေနဲ့ကြားအောင်ပြောလူလိုပြော"
"လူလိုမပြောလို့ဘယ်လိုပြောနေလို့လဲ သွားပြန်တော့ရှုပ်တယ်"
"ပြောထားတယ်လေ စိတ်ဆိုးပြေရင်ပြန်မယ်လို့
မပြေရင်တော့"၀တ်ရုံရဲ့လက်နားရှိအစကို အားနည်းနည်းနဲ့ခါထုတ်ပြီး Baekhyun ရပ်နေတဲ့ဘေးက အုတ်ခုံပေါ်ဒူးတစ်ဖက်ထောင်ပြီးထိုင်ချလိုက်သည်
YOU ARE READING
Fanfictionမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...