"ဖတ်……ဖတ်……ဖတ်…"
လူတစ်ယောက် မိုးတွေသဲသဲမဲမဲရွာနေတဲ့လမ်းမထက်မှာ
ခြေဗလာနဲ့ အမောတကော ပြေးလွှားနေခဲ့တယ် ။ပြေးနေခဲ့တာအချိန်ကြာခဲ့ပြီမို့လို့ ပြေးရင်းနဲ့ အရှေ့ကို
ဟပ်ထိုးလဲကျတော့မလိုဖြစ်ဖြစ်နေရင်းနဲ့ ကုန်းထပြီး
ဆက်ပြေးနေခဲ့တယ် သူမျက်နှာမှာ
တစ်ခုခုကိုကြောက်ရွံ့နေလို့ မနည်းလွတ်အောင်
ထွက်ပြေးနေရတဲ့အရိပ်အယောင်ပေါ်နေခဲ့တယ် ။သူ့အနောက်မှာတော့ ဆေးအမည်းရောင်နဲ့ပြောင်လက်နေတဲ့ကားသုံးစီးက ဖြေးဖြေးခြင်းမောင်းနှင်ရင်းနဲ့သူ့နောက်ကနေထပ်ချပ်မကွာလိုက်ပါနေတယ် ။
ကားပေါ်မှာလိုက်ပါနေတဲ့သူတွေအကုန်လုံးက
Long Coat ပုံစံမျိုးအကျီအရှည်အနက်ရောင်
ဆင်တူတွေနဲ့ အင်္ဂလိပ်ခေတ်က
ဂုဏ်သရေရှိသူဌေးမင်းတွေစောင်းတဲ့ဦးထုပ်ကိုယ်စီ
ဝတ်ထားကြတယ် ။ကားခေါင်းခန်းက Diver ခုံဘေးမှာထိုင်နေတဲ့သူ
တစ်ယောက်က ဆေးပြင်းလိပ်ကို မီးညှိပြီး
ပါးနှစ်ဖက်ကိုချိုင့်ဝင်သွားအောင် အားကုန်ရှိုက်ရင်းနဲ့
အငွေ့တွေကို မှုတ်ထုတ်လိုက်တယ် ။ဆေးပြင်းလိပ်အငွေ့တွေက ကားထဲကနေ အပြင်ဘက်က
မိုးရေတွေကြားထဲက လွင့်ပျံပြီးပျောက်ကွယ်သွားခဲ့တယ် ။အဲ့နောက်သူက ကားမောင်းနေတဲ့သူကို လမ်းမပေါ်မှာခြေဗလာနဲ့ ပြေးနေတဲ့သူအနားကို ကပ်မောင်းဖို့
အချက်ပြလိုက်တယ် ။ကားက တဖြေးဖြေးနဲ့ပြေးနဲ့သူအနားကပ်လာတော့သူက
ကားထဲကနေ ဆေးပြင်းလိပ်ကိုနောက်တဖွာ ရှိုက်ရင်းနဲ့
ဆေးပြင်းလိပ်အငွေ့တွေမှုတ်ထုတ်လိုက်ပြီးပြေးနေတဲ့သူကိုတစ်ချက်လှမ်းကြည့်ရင်းနဲ့ပြောလိုက်တယ် ။"မင်းဘယ်ကိုပြေးနေလဲဆိုတာ ငါသိတယ်
အဲ့နေရာက ဟန်ပြသက်သက်ပဲဆိုတာကိုမင်းလဲ
သိပြီးသားပဲကိုမင်းမို့လို့အပင်ပန်းခံပြေးနေတယ်ကွာငါသာဆို ငါ့ကိုသတ်ပေးပါတော့ဆိုပြီးဒူးထောက်
တောင်းပန်ပြီးနေပြီ "
YOU ARE READING
Gangs
Actionမင်းရဲ့ရှင်သန်မှု့သေဆုံးမှု့တွေက ငါတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာတိုက်ရိုက် အချိုးကျတယ်