နောက်ဆုံးအချိန်ထိချစ်ပေးမယါထင်ခဲ့တာ လွှတ်ချခဲ့တဲ့ခံစားချက်ကနာကျင်မှုကိုမီနိုင်ပါ့မလား
......................................................
အကြည့်ချင်းတွေဆုံနေပြီး မည်သူ့ဘက်ကမှအကြည့်လည်း မလွှဲခဲ့သလို စကားပြောချင်းလည်းမရှိခဲ့အဆမတန်ခုန်လွန်နေတဲ့ရင်ခုန်သံတွေကိုသူကြားသွားမှာကြောင်တာကြောင့် ကိုယ့်ဘက်ကပဲစကားအရင်စလိုက်သည်
"Chanyeol လွှတ်ပေးအုံး စာသင်ကြားချိန်ရောက်တော့မယ်"
"အင်းးးး"
'အင်း'တစ်လုံးသာပြောပြီးလွှတ်ပေးချင်းမရှိ
"Chanyeol သွားရေချိုးတော့ ညစ်ပတ်နေတာပဲ"
ထိုအခါမှသာ မျက်နှာထက်အပြုံးတင်ပြီးလက်တွေလွှတ်ပေးခဲ့သည်
"အထိန်းတော်ကြီးကိုပြင်ခိုင်းထားတယ် ၀င်လာခိုင်းလိုက်တော့မယ်နော် Yeol"
"အင်းခေါ်လိုက်တော့"
"အထိန်းတော်ကြီးခေါ်လိုက်တော့နော် အကို Kim"
ကိုယ်ရံတော် Kim ထွက်သွားပြီးမိနှစ်ပိုင်းအကြာတွင်အထိန်းတော်နဲ့အတူဝင်လာခဲ့သည် ရေချိုးဆောင်ကိုဝင်သွားကြပြီး မိနှစ်ပိုင်းအကြာ နှစ်ယောက်လုံးပြန်ထွက်လာကြသည်
အခန်းထဲမှာသူတစ်ယောက်ထဲရှိနေတာသေချာမှ ရင်ခုန်နေစဲဖြစ်တဲ့နှလုံးအိမ်ပေါ် လက်တင်ပြီးအသက်ကို၀၀ရှုမိသည်
"ရင်တုန်အောင်လုပ်တဲ့ကောင်စုတ်ကြီး ကြာရင်သူ့ကြောင့်ရောဂါရတော့မယ် Park Chan စုတ်ကြီး" ယောက်ထဲသာကြားနိုင်သည့်လေသံမျိုးနှင့်ပြောလိုက်သည်
ဆရာစာသင်နေတာကိုသေချာနားမထောင်ဘဲဆော့နေတဲ့ Baekhyunကိုကြည့်ရတာကအမောပင် အရင်ဆရာတွေကအကြောင်းသိတွေမို့လို့လွှတ်ပေးထားခဲ့ပေမယ် အခုဆရာကတော့မလွယ်ပေ ပြောင်းလိုက်တာမကြာသေးတာကြောင့် အခက်မသင့်ရင် အပြစ်ပေးခံရနိုင်သည်
"အိမ်ရှေ့စံမင်းသားလေး ကျေးဇူးပြုပြီးစာထဲကိုအာရုံစိုက်ပေးပါ အိမ်ရှေ့စံမင်းသားကအစစည်းကမ်းရှိမှ ကျန်တဲ့သခင်လေးတို့ကိုလည်း အလွယ်တကူဆုံးမနိုင်မှာမို့လို့ပါ"
YOU ARE READING
Fanfictionမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...