Merry Kristmas, Tao [KrisTao/Taoris] Myanmar Version

3.3K 210 14
                                    

Merry Kristmas, Tao [KrisTao/Taoris] Myanmar Version

နံနက်တိုင်း​ဘေးနားမှာရှိ​နေကျ ​နွေး​ထွေးမှုတစ်​ခုပဲ ​ပျောက်​ဆုံး​နေလို့လားမသိ။ ​နေမြင့်​​အောင်​အိပ်​တတ်​​တဲ့ ကျွန်​​တော်​ မနက်​​ခြောက်​နာရီခွဲမှာ နိုးလာခဲ့တယ်​။

"Ge..."

ကျွန်​​တော်​​​ရေရွတ်​ရင်း ညာဘက်​လက်​နဲ့ ​ဘေးကိုစမ်းလိုက်​​တော့ အိပ်​ရာရဲ့တစ်​ဖက်​ခြမ်းမှာ ရာသီဥတုဒဏ်​​ကြောင့်​ ​အေးစက်​​နေတဲ့ ​စောင်​တစ်​စကိုပဲ ဖမ်းဆုပ်​မိလိုက်​​တယ်​။ Ge မ​နေ့ညက အိမ်​ပြန်​မလာခဲ့ဘူး​ပေါ့။

Ge အခုတ​လော အလုပ်​​တွေပဲဖိလုပ်​​နေတယ်​။ ကျွန်​​တော့်​အ​ပေါ်မှာလည်း စိမ်းကား​နေတယ်​။ အလုပ်မှာစိတ်​ရှုပ်​​​နေရတယ်​လို့​ပြောတယ်​။ ထစ်​ခနဲရှိ ​အော်​လိုက်​၊ ​ငေါက်​လိုက်​နဲ့မို့ ကျွန်​​တော်​မျက်​ရည်​ကျရတာလည်း နှစ်​​ခေါက်​၊ သုံး​ခေါက်​​​​တောင်​ မက​တော့ဘူး။ ကျွန်​​တော်​မျက်​ရည်​ကျရင်​​လည်း ​ချော့ဖို့ထက် ​အော်​ရတဲ့ အ​ကြောင်းပြချက်​​တွေ​ပေးတယ်​။ Ge ကျွန်​​တော့်​ကိုမချစ်​​တော့ဘူးလား။

သက်​​ပြင်း​မော​မောတစ်​ချက်​နဲ့အတူ ကျွန်​​တော်​ ချက်​ချင်းမတ်​တပ်​ထရပ်​လိုက်​မိတယ်​။ ဒီ​တော့မှ အိပ်​ရာ​ဘေးက ခုံ​​ပေါ်မှာကပ်​ထားတဲ့ စာရွက်​​လေးတစ်​ရွက်​ကို ​တွေ့လိုက်​ရတယ်​။

ကျွန်​​တော်​စာရွက်​ကိုဖြုတ်​ပြီး ကုတင်​​ပေါ်ထိုင်​ချလိုက်​တယ်​။ ဒါ Ge ရဲ့ လက်​​ရေး။ ဒါဆို Ge မ​နေ့ကပြန်​လာတယ်​​ပေါ့။ ကျွန်​​တော်​မီး​ရောင်​​အောက်​မှာ စာ​ရွက်​​လေးကို ​သေချာစိုက်​ကြည့်​​နေမိတယ်​။

"Ge အလုပ်​မှာတစ်​​နေ့လုံးရှိ​နေမယ်​။ မနက်​ဖြန်​မှ အိမ်​ပြန်​လာခဲ့မယ်​​နော်​ Baby."

ကျွန်​​တော့်​လက်​ထဲကစာရွက်​ဝါ​လေးကို ကြည့်​ရင်း မျက်​လုံးအိမ်​ထဲမှာ မျက်​ရည်​​တွေလျှံလာခဲ့တယ်​။ ကျွန်​​တော်​​​သေပစ်​လိုက်​ချင်​တယ်​။ Christmas Day မှာ ကျွန်​​တော့်နားမှာ​နေပါမယ်​လို့ Ge ကတိ​ပေးခဲ့တယ်​​လေ။ ကျွန်​​တော်​နဲ့ပတ်​သက်​သမျှက Ge အတွက်​​တော့ အလုပ်​ကိစ္စ​လောက်​​တောင်​ အ​ရေးမပါ​တော့ဘူးလား။ ကျွန်​​တော့်​ရဲ့အဆင့်​က အမြဲတမ်း Ge ရဲ့ အလုပ်​​နောက်​မှာပဲ ရှိ​နေ​တော့မှာလား။ ကျွန်​​တော့်​ရဲ့ဆန္ဒ​လေးတစ်​ခုကို​တောင်​ Ge မဖြည့်​​ပေး​တော့ဘူးလား။ Ge သိပါတယ်​။ ကျွန်​​တော်​လိုချင်​တာ ထူးထူးခြားခြားမဟုတ်​ပါဘူး၊ Ge ရဲ့ ဂရုစိုက်​မှုတစ်​ခုတည်းပါ။

Merry Kristmas, Tao [KrisTao,Taoris]Where stories live. Discover now