အသည်းခါးခါး Part 2
အခုထိ နားထဲက မထွက်ရသေးတဲ့သီချင်းသံတွေကို အခုထိကြားယောင်နေတုန်းပဲ။
တစ်ချို့ အမှတ်တရတွေကိုလည်းပြန်မြင်ယောင်နေရင်းပေါ့။'ရန်ဖြစ်တိုင်းလက်ပါတဲ့ အဖေ့ကြောင့်အမေ့မျက်နှာမှာ အညိုအမဲများစွဲ
ငိုလဲ မတားရဲ အဖေဖြိုခွဲချခဲ့လို့ အိမ်ထောင်ရေးလေး တစ်ခုပြိုကွဲသွားတယ်'"...."
နွေဘယ်အချိန်ကပြန်လာပြီး lap top ကိုလာယူသွားလဲ သူမမသိတော့ဘဲ နားထဲထိုသီချင်းကသာ တဝဲလည်လည်နဲ့ ရယ်။
စိတ်က အတိတ်ဆီပြန်ရောက်တဲ့အခါ
နာကျင်စရာတွေပဲ မြင်ယောင်ပြီးငိုတယ်
ပျော်စရာဆိုတာ မမြင်ယောင်ခဲ့တာလား
အတိတ်မှာကိုက မရှိခဲ့တာလား။သူမအတွက်တော့ အတိတ်ဆိုတာ
အရာရာကိုလက်လွှတ်ဆုံးရှုံးခဲ့ရခြင်းပဲ။ဘယ်လောက်အတွေးလွန်နေသည်မသိ
နွေ့ မေမေ အန်တီ ရွှေစင်က လာခေါ်မှ သတိပြန်ကပ်လာသည်။"သမီး.."
" ရှင် နွေ့ မေမေ"
" မေမေ က သမီးကို ထမင်းစားဖို့ လာခေါ်တာ"
" အာ နွေ့ မေမေ ခါး မဆာသေးဘူး"
"အော် သမီးရယ် မဆာလဲ လာစားပါ လိမ်မာပါတယ်နော် ဆင်းလာခဲ့ မေမေ အောက်မှာစောင့်နေမယ်"
"ဟုတ်"
အတင်းခေါ်နေတာမို့ ခါးလဲ မငြင်းတော့ပေ။
တကယ်က ခါး နဲ့ နွေက အဖေတူ မအေ ကွဲ ညီအမ ပါ။
အန်တီ ရွှေစင်က ဖေဖေ့ နောက်အိမ်ထောင်ပေါ့။
အိမ်ထောင်ရေးဖောက်ပြန်တဲ့ဖေဖေဟာ
မေမေ့ ကိုတင်မကဘဲ အန်တီရွှေစင်တို့ ကိုပါလိမ်ထားတာပါတဲ့လေ။
ဖေဖေ့မှာ အိမ်ထောင်ရှိမှန်း အန်တီက မသိခဲ့ဘူးရယ်။
အဖြစ်အပျက်တွေအားလုံးနောက်မှာ
မေမေ ရော ဖေဖေ ရော ဆုံးသွားတော့
အန်တီကပဲ ခါးကို စောင့်ရှောက်ပေးသည်
မေမေ လို့ ခေါ်ဖို့  နွေရော အန်တီရော ကပြောပေမယ့် သူမဇွတ်ငြင်းမိသည်။
ဒါကြောင့် နွေ့ မေမေလို့ ပဲခေါ်ဖြစ်သည်။
အန်တီက ခါး အပေါ်တော့ တကယ်ကိုကောင်းပါတယ်။
ခုပဲ ကြည့်လေ ထမင်းမစားမှာစိုးလို့ အတင်းတွေလာခေါ်တာ။ အောက်ရောက်တော့ခါး မစားချင်မှာစိုးလို့ တဲ့ ခေါက်ဆွဲကိုပါ ထပ်သုပ်ပေးထားသေးသည်။
YOU ARE READING
အသည်းခါးခါး
Romanceယောကျာ်းလေးတွေဆို တစ်ဘဝစာ လက်တွဲဖို့  အယုံအကြည်မရှိတဲ့ကောင်မလေး..... ငယ်ငယ်က အတိတ်ဆိုးတွေကြား ပိတ်မိနေတဲ့ကောင်မလေး.... သန်မာချင်ယောင်ဆောင်ရင်း အချစ်ခံချင်တဲ့ ကောင်မလေး.... အဲ့လိုကောင်မလေးကို အရမ်းချစ်ပေးနိုင်ပြ...