Uni
Yibo's POV~
ဒီနေ့ ကျွန်တော်ကျောင်းအသစ်မှာစတက်ရမယ့်နေ့။ မိဘတွေကဝန်ထမ်းတွေမို့ မိဘအနောက်လိုက်ရတာက သားသမီးတာဝန်မို့ တာဝန်နဲ့ ဝတ္တရားမပျက်မကွက် ပါးပါးတာဝန်ကျရာ ရှန်ဟိုင်းသို့ပြောင်းလာရပြန်တယ်။ မြို့ကြီးပြကြီးမို့ နယ်မြို့တွေမှာရှိတဲ့ကျောင်းသေးသေးလေးတွေမှာပဲ ကျင်လည်ခဲ့ဖူးတဲ့ ကျွန်တော်က ဒီလိုကြီးမားလှတဲ့ကျောင်းတော်ကြီးကိုစတက်ရမှာတော့ နည်းနည်းရှိန်တယ်ရယ်။"ဘုတ်!"
"အင့်!"
ငေးရင်းလမ်းလျှောက်နေတဲ့ကျွန်တော် လူတစ်ယောက်ကို ဝင်တိုက်မိပြီ စစချင်းကို အလွဲနဲ့သွားတဲ့ကျွန်တော်က အချိန်မဆိုင်းတောင်းပန်မှ တော်ကာကျမယ်။
"တောင်းပန်ပါတယ် အကို ကျွန်တော်မမြင်လိုက်လို့ပါဗျာ"
ကျွန်တော့်ထက်ကြီးမယ်ထင်လို့ အစ်ကိုလို့ခေါ်ကာ တတ်နိုင်သလောက် မျက်နှာချိုသွေးပြီး တောင်းပန်လိုက်ရတယ် အင်း ...ဒီလောက်ဆို ဟိုလူကျေနပ်လောက်ပြီ။
ဘာတုံ့ပြန်မှုမှ မလာတဲ့ထိုသူက ကျွန်တော့်ကို ကြောင်ကြည့်နေပြန်တယ်။ ကျွန်တော့် အပြစ်ကြီးပြီထင်ပါရဲ့ အဲ့လူကကြောင်ကြည့်နေတာ မဟုတ်ဘူး မျက်မှောင်ကြုတ်ပြီးကြည့်နေတာ ။
"ဒီက အကို! ဒီက အကို!"
"ဟင်!"
"ကျွန်တော်တောင်းပန်ပါတယ်လို့ ကျွန်တော်မမြင်လိုက်လို့ပါ"
"ဟ! မင်းက လူတစ်ယောက်လုံးလာတာတောင်မမြင်ရအောင် ဘာတွေ ဒီလောက်ငေးနေလို့လဲ"
"ဟို.... ဟို... ကျွန်တော်ကဒီနေ့မှ ကျောင်းပြောင်းလာတာပါ ကျောင်းကြီးက အရမ်းကြီးနေတော့ ငေးနေမိတာပါဗျာ ကျွန်တော်အစ်ကို့ကို မတွေ့ဘဲ ဝင်တိုက်မိလို့ တောင်းပန်ပါတယ်ခင်ဗျာ"
"အဟက်! ဒါဆိုမင်းက ကျောင်းသားသစ်ပေါ့ဒီတိုင်း တောင်းပန်လို့ရကြေးလား"
"ဟုတ်ကဲ့ပါဗျ ဘယ်လိုတောင်းပန်ရမလဲမသိဘူးဗျ"
ထိုသူက ကြည့်ရတာ လူကုံထံ အသိုင်းအဝိုင်းက ထင်ပါရဲ့။ လူပုံစံကြည့်ရတာတော့ စတိုင်မိမိနဲ့ ဂျစ်တစ်တစ်ပုံစံ။ ကျောင်းကလူဆိုးစာရင်းဝင်ဆို ဘယ်လိုလုပ်မလဲ။ ကျောင်းစတက်တဲ့နေ့မှာ မြွေဖမ်းမိတာတော့ မဟုတ်လောက်ပါဘူးနော်။
YOU ARE READING
Young Love(One Shot)