"မြောက်ပိုင်းပြည်နယ်ရဲ့ ကိုယ်စားလှယ် အဖြစ်လာရောက်တဲ့ ကျွန်တော်မျိုး Kouzuki , Izanagi sama ကို ဂါရဝပြုပါတယ် "
ညီလာခံတက်ရောက်နေတဲ့ Kami sama တွေ အားလုံးရဲ့ အကြည့်တွေဟာ ခန်းမအလယ်က Kouzuki ဆီမှာ ရှိနေပြီး သူတို့ဟာ အလွန်အမင်း စိတ်ဝင်တစားဖြစ်နေပုံပဲ ! အချင်းချင်း တီးတိုး ဆွေးနွေးသံတွေက ခန်းမထဲ ခပ်အုပ်အုပ်ပေါ်ထွက်နေတယ် ! Kokonoeကတော့ သူ့နေရာကနေ ခန်းမအလယ်က Kouzuki ကို စူးစူးဝါးဝါးကြည့်ရင်း ငြိမ်သက်နေလေသည် !
" Ryujin က သူ့ရဲ့ သားတော်အငယ်ကို ကိုယ်စားလှယ်အဖြစ် ဒီလို နေရာပေးပြီး လွှတ်လိမ့်မယ်လို့ ငါကိုယ်တော်ထင်မထားမိဘူး!"
"ခမည်းတော်က Izanagi sama ကို သဝဏ်လွှာ ပေးပို့ခိုင်းလိုက်ပါတယ် !"
Kouzuki က Kami sama အပေါင်းရဲ့ တီးတိုးပြောဆိုသံတွေ နဲ့ Izanagi sama ကိုယ်တိုင်ရဲ့ သူ့အပေါ် ခနိုးခနဲ့ ပြောဆိုသံကို လျစ်လျူရှုပြီး လျှောက်တင်စရာရှိတာကိုသာ ခပ်လောလောလျှောက်တင်လေသည် !
Kouzuki ကို တချိန်လုံး မျက်စိဒေါက်ထောက် အကဲခတ်နေတဲ့ Kokonoe နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ် ! သူကြည့်ရတာ တစုံတရာကို သဘောကျသွားတဲ့ ပုံပဲ !
" စုံညီတွေ့ဆုံပွဲ ဖိတ်ကြားလွှာတွေ မပို့ဆောင်ရသေးခင်ကို Ryujin ဆီက သဝဏ်ရောက်လာတာဟာ အံ့သြစရာပဲ !"
Izanagi sama က မျက်ဝန်းတွေ မှေးကျဉ်းလိုက်ပြီး သူ့ထံဆက်သတဲ့ သဝဏ်ကို ဖတ်ရှုလိုက်တယ် !
သဝဏ်ထဲ ဘယ်လိုအကြောင်းအရာတွေ ရေးသားထားသည်မသိ ဖတ်ရှုနေတဲ့ Izanagi sama ရဲ့ မျက်နှာဟာ မဲပုတ်လာသည်!
" အတင့်ရဲလိုက်လေ !!!!!!"
ရုတ်တရက် Izanagi sama ဟာ ဝုန်းကနဲ ထရပ်ပြီး လက်ထဲက သဝဏ်ကို လွှင့်ပစ်ကာ ဒေါသတကြီးအော်ဟစ်လိုက်တဲ့အတွက် ခန်းမဆောင်ထဲရှိ Kami sama တွေအားလုံး Izanagi sama ဆီက အရှိန်အဝါ ဖိအားတစ်ခုကို ပြင်းစွာခံစားလိုက်ကြရလေသည် ! Izanagi sama လွှတ်ပစ်လိုက်တဲ့ Ryujin sama ရဲ့ သဝဏ်ဟာ ချက်ခြင်းဆိုသလို မီးတောက်လောင်သွား၏ !
VOCÊ ESTÁ LENDO
Unbreakable ( Unicode Version )
FanficThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^