စာသောက်ဆိုင်ရဲ့ အလယ်နားတွင် လူနှစ်ယောက်က အကြီးအကျယ် ဆွေးနွေးနေကြသည်။တဝိုင်းနဲ့တဝိုင်းက ဝေးတာကြောင့် သူတို့ပြောစကားကိုကြားရန်ခက်ခဲလှသည်။
"ဖြစ်နိုင်ရင် သူ့မိသားစုကိုပါစောင့်ရှောက်ပေးစေချင်တာ...ခန့်မောင်ပျောက်သွားတာက ကျွန်တော်ကိစ္စနဲ့များဆိုင်မလားလို့...ကျွန်တော်အရာရှိကြီးကိုပဲ အကူအညီတောင်းပါတယ်"
"သူပျောက်သွားတယ်လို့အမှု ဖွင့်ထားတာက သူပျောက်ပြီး ၁ပတ်ကြာမှဆိုတော့ နည်းနည်းဆက်စပ်ရခက်ခဲသွားတာ..."
မင်းသခင်ရဲ့အရှေ့က အငြိမ်းစားအရာရှိ လေးသည် သူ့နှုတ်ခမ်းကိုသူပွတ်သပ်၍ပြန်ဖြေလေသည်။
အငြိမ်းစားအရာရှိဆိုသည်မှာသူ့ကိုသူ နာမည်ပေးထားခြင်းပင်။မဖော်နိုင်သည့်လူသတ်မှုများ ကိုသူက တဖက်တလမ်းကနေ ကူညီခဲ့ဖူးသည်။သူကရဲတွေနဲ့ပူးပေါင်းတာထက် လူမိုက်တွေနဲ့ပိုပေါင်းသည်။ထို့ကြောင့်သတင်းစုံသည်။ သူကရဲလည်းမဟုတ်သလို စုံထောက်လည်း မဟုတ်...ရှာဖွေရတာကိုကြိုက်တဲ့လူငယ်တစ်ဦး...သူ့နာမည်က J naw... ထို ကောင်လေးသည် အဝါရောင်ဆံပင်များကိုရှေ့ချထားကာ နားဖောက်ရတာကို ဝါသနာထုံသူတစ်ဦးပင်...ဂျလေဘီပုံစံဆိုပင်မယ့် သူ့ကို ဘယ်သူမှအထင်မသေးရဲ..."အဲ့တုန်းက ကျွန်တော် တရုတ်ဘက်ကို ပစ္စည်းကိစ္စနဲ့သွားနေတာမို့ သူနဲ့လည်း အဆက်အသွယ်ပျက်သွားတယ်..."
မင်းသခင်က သူ့ကိုယ်သူအပြစ်တင်ချင်နေပုံရသည်။J သည် လက်တွင်ပတ်ထားသည့်လက်ကောက်ကို ဟိုဟိုသည်သည် လှည့်ကာ နှုတ်ခမ်းတဖက်ကိုမြင့်လျက်..
"ဒီကိစ္စက ခင်ဗျား အမေနဲ့ပတ်သတ်တဲ့ ကိစ္စနော်...
အကယ်၍ဖြစ်လာမယ့်အကျိုးဆက်ကို ခင်ဗျားလက်ခံနိုင်ရဲ့လား...ကိုယ်က လူမိုက်တွေနဲ့ပေါင်းပင်မယ့်... လူမိုက်အားပေးတော့မဟုတ်ဘူးဗျ!"မင်းသခင်မျက်နှာက နည်းနည်းအုံ့မှိုင်းသွားသလိုပင်...J ချက်ချင်းသိလိုက်ပါပြီ..ဒီလူက mama boy??
"Oki လေ...ခင်ဗျား အမေ ဘယ်အချိန်လာမှာလဲ? "
မင်းသခင်နာရီကိုငုံ့ကြည့်လိုက်တော့ လက်တံက ၁၀နာရီမှာ...
"၁၀ခွဲ..."
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...