ရှောင်တာလား ဘာလားဆိုတာကျွန်တော်မသိပေမယ့် ဂျီမင်းက အရင်ကလို ကျွန်တော့်အပေါ်
အနိုင်ယူချင်တာတွေတောင်မရှိတော့ဘူး ရှင်းရှင်းပြောရင် ကျွန်တော့်ကိုဂရုတောင်မစိုက်တော့ဘူးလို့
ပြောလ်ို့ရတယ် အရင်ကဆို တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်အမြဲ သတ်နေကြ အခုတော့ အဲ့လို
ဖြစ်ဖို့မပြောနဲ့ မျက်လုံးချင်းတောင်စုံအောင်မကြည့်
ကြတော့ဘူးဂျောင်ကုတွေးရင်း သက်ပြင်းချလိုက်သည် အခုဆို
အလည်အပတ်တွေပြီးသွားပြီဆိုတော့ အနုပညာ အလုပ်တွေကိုပြန်လုပ်နေရပြီ ကြာကြာနားလို့လဲမ
ကောင်းပြန်တာမို့ စိတ်ညစ်နေသည့်ကြားထဲကရိုက်
ကွင်းကိုသွားရသေးသည်ဂျောင်ကု နားထဲကို နားကျပ်တပ်လိုက်ပြီး ထိုင်ခုံနောက်ကိုမှီချကာ မျက်လုံးမှိတ်ထားလိုက်သည်
ရပ်နေကြကော်ဖီဆိုင်ရှေ့ကိုရောက်တော့ ဂျီမင်း
နဲ့သူနဲ့ရန်ဖြစ်ခဲ့ကြသေးတာကိုသူအမှတ်ရသေးသည်
ဟူး မြင်သမျှအရာတိုင်းက လွမ်းစရာကြီးတွေပါလား*အကိုဂျောင်ကု ကျွန်တော်ကော်ဖီသွားဝယ်လိုက်အုံး
မယ် မုန့်တွေယူအုံးမလားဂျောင်ကုဆိုးဘင်ရဲ့အပြောကိုခေါင်းသာ အသာခါ
ပြလိုက်ရင်း ကော်ဖီဆိုင်ကိုပြန်ကြည့်နေလိုက်မိသည်
ဆိုးဘင်ဆိုင်ထဲဝင်သွားတော့လဲ ဂျောင်ကုထိုကော်ဖီ
ဆိုင်လေးကိုကြည့်နေမိတုန်း ဂျောင်ကုပြုံးလိုက်မိ
သည် ကော်ဖီ ဆိုင်ရှေ့မှာထောင်ထားတဲ့ဂျီမင်းရဲ့
ကြော်ငြာ ဘုတ်ကိုမြင်ပြီးနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်ထို့အတူ ရင်ထဲက လေးလံမူကပို၍ကြီး
လာသည်*ဂျီမင်း မင်းကိုငါရအောင်တောင်းပန်မယ် မင်းနဲ့အရင်လိုအခြေအနေဖြစ်အောင်ပြန်လုပ်မယ်
ဂျောင်ကုအိမ်ကိုရောက်ရောက်ခြင်း ပင်ပန်းလွန်းလို့
အိပ်ပျော်အောင်ကြိုးစားလိုက်သည် သို့ပေမယ့် ဘယ်လိုဘဲ အိပ်ပျော်အောင်ကြိုးစားကြိုးစား မျက်လုံးများက အလိုအလျောက် ပွင့်နေစမြဲ