13

984 82 7
                                    

Uni

"ပ​လောက်... ပ​လောက်...ပ​လောက်"

​မှောင်နက်​နေတဲ့အခန်းထဲက​နေ​ရေကျသံကြားရ​တော့မိုးရွာပြန်ပြီ။
အ​မှောင်​တွေထဲမှာ​နေသားကျ​နေလို့ နားရဲ့စွမ်း​ဆောင်ရည်ကမြင့်တက်လာပုံပဲ။
မျက်စိမမြင်ရတဲ့သူ​တွေဟာထို့​ကြောင့်အကြားအာရုံတွင်တပမ်းသာကြသည်ထင်၏။
အ​မှောင်​တွေနဲ့အသားကျ​​နေ​ပေမဲ့ အသားမကျတာကတော့အချိန်ကျသည်ဆိုသည်နှင့်ပူ​လောင်လာသည်ကို။
နံရံ​တွေကိုကုတ်ဖဲ့မိသည်အထိဆာ​​လောင်သည့်ဒဏ်ကိုလှိမ့်ပိန့်ခံစား​နေရသည်။
ကုတင်​တွေကိုအနားကရှိတဲ့ခုံနဲ့ ထုရိုက်ပစ်လိုက်သည်။
စိတ်တိုင်းကျ​ပေါက်ကွဲပြီးတဲ့​နောက်မှာ​တော့ ဆာ​လောင်မှု​ဖြေသိမ့်နိုင်​တော့မည်။
အင်း..ဆန္ဒ​တွေပြည့်ဝ​တော့မယ်။

"ဟားကွာ သောင်းကြမ်းထားတာများ မြင်မ​ကောင်းဘူး..
​ပေးလိုက်​တော့ကွာ.. "

.................

"​ဒေါက်တာ ဘာလာလုပ်တာလဲ?"

"ကိစ္စ​လေးရှိလို့ပါ"

"​ဒေါက်တာကိုမနက်တည်းက​ဆေးရုံမှာရှာ​နေတာ..
ပစ္စည်းတခုပြန်​ပေးမလို့..
ဟို​နေ့က ​ဒေါက်တာ မူးလဲတုန်းက ကျုပ်နဲ့ငြိပြီးပျက်သွားတာ​လေး..
ကျုပ်လဲအပြန်မှ​တွေ့တာ.."

​ရှောင်းကျန့် လင်းလက်ထဲက ကျည်ဆံ​လေးနှစ်​​တောင့်ပါတဲ့ ဆွဲကြိုး​လေးကိုယူလိုက်သည်။
အင်း..ဗိုလ်ကြီးဝမ် ရဲ့ဗိုက်နဲ့​​ခြေ​ထောက်ထဲကရထားတဲ့ ကျည်​လေးနှစ့်​တောင့်။
သူတကယ်ဆို ဗိုလ်ကြီးဝမ်ကို ကံ​ကောင်း​အောင်တစ်​တောင့်​ပေးမလို့ပဲ​လေ။
အဲ့ဒိ​နေ့က ရှိုးစမိုးပြင်ပြီး​​စောင့်​နေခဲ့တာ ဗိုလ်ကြီးကယူနန်ကိုထွက်သွားလို့ မ​ပေးဖြစ်လိုက်ပဲ သူ့လည်ပင်းမှာပဲဆွဲထားခဲ့တာသုံးနှစ်ရှိ​နေပြီ။
ပြန်​တွေ့​တော့လဲ ငလျင်နဲ့ဘာနဲ့မ​ပေးဖြစ်လိုက်။
​​ပျောက်သွားရင်ဆိုတာ​တွေး​မိ​တော့ လင်း ကို​ကျေးဇူးတင်မိသည်။
​ရှောင်းကျန့်လဲ ​နေမ​ကောင်းတာ​ရော မာမားနှစ်ပတ်လည်နဲ့​ရော သတိမထားမိလိုက်။

"​ကျေးဇူးပါပဲ ဝမ်လင်း"

"လင်း လို့ပဲ​ခေါ်​ပေး"

Come and Save MeWhere stories live. Discover now