သစ်ရွက်လေးတွေပေါ်မှာတင်နေတဲ့ ရေစက်လေးတွေ မြေပြင်ပေါ်တဖောက်ဖောက်နှင့် ကျဆင်းနေသည်
မိုးရွာပြီးစမို့ မြေသင်းနံ့သင်းသင်းကလည်း ဆွတ်ပျံ့ဖွယ်ရွှံ့ဗွက်တွေထဲပြေးရင်း ချော်လဲနေတဲ့ကောင်လေးတစ်ယောက်ကို သူ့သူငယ်ချင်းတွေက ဝိုင်းရယ်နေကြသည်။
သူတို့ရယ်သံတွေက လှောင်ပြောင်လိုစိတ်အလျဉ်းမရှိဘဲ ပကတိဖြူစင်လျက်
သူလည်းတစ်ချိန်တစ်ခါတုန်းက ဒီလိုပဲအပြစ်ကင်းစွာ ရယ်မောခဲ့ဖူးပါသည်။
"ဆရာ ဆရာ"
သူအတွေးတို့ကို ရပ်လိုက်ပြီး အသံလာရာလှမ်းကြည့်လိုက်တော့ ဂျစ်ကန်ကန်မျက်နှာနဲ့ကောင်လေး
သူသိတာပေါ့
ဒီကလေးက သူသင်တဲ့အခန်းနောက်ဆုံးတန်းက ကောင်လေး
အိမ်စာတွေလည်း မလုပ်ဘဲ ရိုက်ရင်တောင် အသံတစ်ချက်မထွက်တဲ့ကောင်လေး
ကျောင်းက ဆရာ/ဆရာမတွေကိုက လက်မြောက်ထားရတဲ့ ကောင်လေး ဝမ်ရိပေါ်သူကတော့ ဒီကလေးကိုမြင်ရင် တစ်ယောက်သောသူကိုပဲ မြင်ယောင်မိသည်
"သားသူငယ်ချင်းက နေမကောင်းလို့ သူ့အစားလာခွင့်တိုင်ပေးတာပါ"
"အော် အေးအေး
ကျောင်းစာမမှီမှာမစိုးရိမ်နဲ့ ဆရာပြန်ရှင်းပြမယ်
နေကောင်းအောင်သာနေလို့ သားသူငယ်ချင်းကို ပြောလိုက်ပါ""ဟုတ်ကဲ့"
ကောင်လေးထွက်သွားမှ သူခွင့်တိုင်စာလေးကို ဖတ်ကြည့်လိုက်တော့ နေမကောင်းတဲ့ကောင်လေးနာမည်က ရှောင်းကျန့်တဲ့
ဖြူဖြူဖျော့ဖျော့နဲ့ စာတော်တဲ့ကလေးလေး
ရိပေါ်က ဒီရှောင်းကျန့်ဆိုတဲ့ကလေးဆို အရမ်းဂရုစိုက်တတ်တာ သူသတိထားမိသည်အင်း သူ့မှာလည်း ဒီလိုဂရုစိုက်တတ်တဲ့ ဂျစ်ကန်ကန်ကောင်လေး တစ်ယောက်ရှိခဲ့တာပဲ
သူ့အတွေးတို့က လွန်ခဲ့တဲ့ ၁၅နှစ်က
ကျောင်းသားဘဝဆီသို့.............______________________________________
"အား ...ချော်လဲပြီ
ဖေးယွီ ငါ့လာထူပေးဦး ဟင့်.."
![](https://img.wattpad.com/cover/229122523-288-k26846.jpg)
YOU ARE READING
Forgive Me
FanfictionZawgi အတိတ်တွေကိုသာ ပြန်သွားခွင့်ရခဲ့ရင်မင်းလက်ကိုပဲ မလွတ်စတမ်း ဆုပ်ကိုင်လိုက်မှာ Unicode အတိတ်တွေကိုသာ ပြန်သွားခွင့်ရခဲ့ရင်မင်းလက်ကိုပဲ မလွတ်စတမ်း ဆုပ်ကိုင်လိုက်မှာ Chen Fei Yu × Luo Yun Xi