Part 1

16 2 0
                                    

Accident
Introduction:
                 "မင်္ဂလာပါရှင့်  tomorrowသတင်းမီဗဒီယာမှ ကြိုဆိူလိုက်ပါတယ်။...2019အတာသင်္ကြန်ဟာဆိုရင်ဖြင့် ရောက်ရှိလာပါပြီ။ယနေ့ကတော့ သင်္ကြန်အကြိုနေ့ဖြစ်ပေမဲ့ ပြည်သူများက ပျော်ပွဲရွှင်ပွဲအတွက် မနက်အစောကြီးတည်းက အိပ်ရာမှထကာ ကြိုတင်ဝယ်ခြမ်းချက်ပြုတ်နေကြပါပြီ။"
                  "ယခုနှစ်သင်္ကြကာလအတွင်းမှာ မန္တလေးမြို့တွင် ဆိုင်ကယ်မတော်တဆမှုမဖြစ်စေရန်နှင့် အ‌‌ေပျာ်မလွန်စေရန်မှာကြားလိုက်ရပါတယ်။ယမန်နှစ်2018သင်္ကြန်အတွင်း ဆိုင်ကယ်မတော်တဆမှု109မှုတွင် 26‌မှုတွင်သာအကောင်းပတိရှိပြီး အများစုကထိခိုက်ဒဏ်ရာနင့်‌ေသဆံုးမှုရှိသောကြောင့် သတိမပေါ့လျော့ရန် မှာကြားရပာသည်။မန္တလေးတိုင်းမ် မီဒီယာမှဖြစ်ပါသည်။"
                  ထိုကဲ့သို့သတင်းတွေ အပြိုင်အဆိုင်တက်လာသည်မှာ ပွဲတော်တိုင်းရဲ့သဘာဝ ပင်ဖြစ်သည်။နိုင်ငံတော်က ပြည်သူတွေ အသက်ဆုံးရှုံးမှုကို ကာကွယ်ရန် ထိုကဲ့သို့တင်ဆက်ကြခြင်းပင်ဖြစ်သည်။
             (မန္တလေးသင်္ကြန်)
                  သင်္ကြန်အကြိုနေ့တစ်နေ့လုံးတော့ ဘာမှမထူးခြားသေးပေ။အကျနေ့တွင်တော့ ဆိုးဆိုးရွားရွား မတော်တဆမှုဟူ၍ ရပ်ထားတဲ့ကားကို ဆိုင်ကယ်ကဝင်တိုက်ပြီး ခြေထောက်ကျိုးသွားတဲ့ဆိုင်ကယ်သမားနဲ့ ရန်ဖြစ်လို့ရိုက်နှက်တာလောက်ပဲ ရှိသေးသည်။အဲ့တာမနက်ပိုင်းအထိပေါ့။
             ......"ကျွန်တော့်နာမည်က ကောင်းခန့်ပါ။အများက ကျွန်တော့်ကို တစ်နေကုန်ဖုန်းနဲ့အလေလိုက်နေတယ်လို့ပဲ မြင်ခံနေရတဲ့ပေတေတစ်ဦးပေါ့။သူတို့မသိလို့ပါဗျာ။အမှန်က သူတို့ထင်သလို မဟုတ်ဘူးဗျ။ကိုယ့်ဖုန်းကိုတန်ဖိုးထားတာ။တနည်းအားဖြင့် ကိုယ့်ပစ္စည်းကိုရို‌ေသတာ။ဘာလို့ဆို ခင်ဗျားပဲစဉ်းစားကြည့်ဗျာ။ချစ်သူနှစ်ဦးရှိတယ်ဗျာ။သူတို့တွေ ချစ်ကြတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်အချိန်ပေးကြလို့လေ။အဲ့တာမှတစ်ယောက်အကြောင်း တစ်ယောက်သိပြီး ကြာရှည်ခံမယ့် relationship ‌တစ်ခုကိုတည်ဆောက်နိုင်မယ်လေ။(မှတ်ချက်:fb‌ေပါ်ကစာသား‌ေတွပါ။ကွျန်‌ေတာ်ကိုယ်တိုင်က‌ေတာ့အခုထိfaပါ။)။ဖုန်းဆိုတဲ့အမျိုးကလည်းအဲ့လိုပဲ။ဖုန်းကိုအချိန်ပေးမှ သူ့အကြောင်းသိပြီး ဖုန်းပျက်ရင်ဆိုင်မသွားပဲ ကိုယ့်ဟာကိုပြင်လို့ရတာပေါ့။မိဘပိုက်ဆံကို တစ်နည်းအားဖြင့် ချွေတာပေးနေတဲ့ သားလိမ္မာလေးပါ။"
                  "သားရေ မနေ့က သားကလိလိုက်လို့ သော့ဂလောက်ကျသွားတာလား။သော့ဂလောက်ပြုတ်သွားတာလား။အဲ့ဒါငစိုးက ဒီနေ့လာယူလို့ရပြီတဲ့။"((system Lock)ကျသွားခြင်းဖြစ်သည်။)
       ကောင်းခန့် :"ဟုတ်...အမေ သားညနေသွားယူလိုက်မယ်။ကျွန်တော်ပြောခဲ့တာကတော့ကိုယ့်ဟာကိုယ် ပြင်လို့ရတယ်ပဲပြောတာပါ။ကျွန်တော်ပြင်သမျှတော့ ဆိုင်ရောက်သွားတာချည်းပဲ။ ။
       (မန္တလေးသင်္ကြန်အကျညနေ)
       ကောင်းခန့်တစ်ယောက် ရေမစိုချင်သောကြောင့် ရေမပက်တဲ့လမ်းတွေကိုရွေးပြီး
       ကွေ့ဝိုက်ကာ lockကျသွားတဲ့သူ့ဖုန်းကို ရွေးဖို့သွားနေရတာ နာရီဝက်ကြာမှဖုန်းပြင်ဆိုင်သို့ရောက်သည်။ဒါတောင်မှ အနောက်ကနေ ကလေးတစ်‌ေယာက်က ရေချောင်းပတ်တာကိုရှောင်ရင်းက သူများထွေးထားတဲ့ကွမ်းတံတွေးပေါ် ဖင်ထိုင်ရက်ပြုတ်ကျတာ ဘောင်းဘီအနောက်မှာ မြင်မကောင်းအောင်ကို ဖြစ်နေတယ်။ဖြစ်ချင်တော့ဘောင်းဘီကအဖြူ။ရေဆေးလိုက်တာတောင် နီဖျော့ဖျော့ကျန်နေသေးတယ်။လမ်းမှာတွေ့တဲ့ လမ်းဘေးဝဲသားကလေးတွေက အစ်ကို ရာသီပြီးတော့မယ်။မြန်မြန်ဆော့ဆိုပြီး MLBB ကိုအကြောင်းပြပြီးလှောင်သွားသေးတယ်။ဖင်လေးကိုလက်နဲ့ကာပြီး ဖုန်းဆိုင်ကျမှဘောင်းဘီလဲဖို့စဉ်းစားလိုက်တယ်။ဖုန်းဆိုင်က သူနဲ့နို့စို့ဖော်နို့စို့ဖက်သူငယ်ချင်းဖြစ်တဲ့ စိုးကျော်ဖွင့်ထားတာပါ။(မှတ်ချက်။ ။ငယ်မွေးခြံပေါက်တွေမို့လို့ အမေတွေကတစ်ယောက်မအားရင် နောက်အ‌‌ေမတစ်ယောက်က နို့ခေါ်တိုက်တာပါ)။
           ဆိုင်နားရောက်တော့ ရင်အေးသွားပြီးလက်ကာထားတာကို လွှတ်လိုက်ကာဆိုင်ထဲသို့ ကော့တော‌့ကော့တော့နဲ့ဝင်သွားတာပေါ့။ဆိုင်ထဲမှာ သူငယ်ချင်းကမြင်မြင်ချင်း......
           စိုးကျော်"ဟား...သားကြီး။ရောက်လာပြီလားကွ။လာ..လာ။အင့်..ဒီမှာထိုင်။"ဆိုပြီးခုံတစ်လုံးတိုးပေးတယ်။
           ကျွန်တော်ကခုံကိုလှမ်းယူပေမဲ့ ငကောင့်သားကိုစိတ်ထဲပဲအာရုံထားတာ။မျက်လုံးကအပေါက်ဝက တရုတ်မလေးတစ်ယောက်ဆီရောက်နေတာလေ။ခုံပေးပြီး လက်ကမ်းပေးတော့ စိတ်ထဲမှာ "ဟာ...ဒီကောင်တယ်အလိုက်သိနေပါလား။ရေတွေဘာတွေခပ်ပေးနေတယ်ပေါ့။"ကျွန်တော်လည်း လက်လှမ်းပြီးသူ့လက်ထဲကခွက်ကိုယူတာ ခွက်ဆိုတဲ့အရာကိုမစမ်းမိဘူး သူ့ရဲ့ မသာလက်အေးအေးကြီးပဲ စမ်းမိတယ်။အဲ့တော့သူ့လက်ကို မျက်လုံးကကြည့်မိတော့ ရေမပြောနဲ့တံတွေးတစ်စက်တောင် မတွေ့ဘူး။ကျွန်တော်လည်း မျက်လုံးပင့်ပြလိုက်တယ်။ဘာလုပ်ဖို့လဲပေါ့။
           စိုးကျော်"သားကြီး...money..ပိုက်ဆံ။ဘာမှအလကားမရဘူး။လက်ခ5000။အိုကေ။"
           ကောင်းခန့်"အာဟား...မဒေါင်ကိန်းပါးစပ်ကသူတော်ကောင်းစကားလာပြောလို့ပါလား။ဘာမှအလကားမရဆို မင်းငယ်ငယ်က ငါ့အမေနို့ကိုတစ်ဖြဲနှစ်ဖြဲအလကားသောက်ထားတာဘာပြောမလဲ...ဟမ်ရိုးရိုးသောက်တာအားမရလို့ ကိုက်လိုက်တာ ငါ့အမေနို့တစ်ဖက်မထွက်တော့ဘူး။နောက်ပီးငါ့ဆီကသောက်ကြွေးယူပြီးပြန်မစပ်တာကျတော့ရော။နောက်ပြီး....။"
           စိုးကျော်"အေး...အေးပါကွာ။ငယ်ကျိုးငယ်နှာတွေတော့ မဖော်ပါနဲ့တော့ကွာ။မင်းအဆင်ပြေမှပေးကွာ။"
           ကောင်းခန့်"ပိုက်ဆံက အခုပေးမှာပါ။အခုတစ်ခုလောက်တော့ ကူညီကွာ။ဘယ်သူမှမပြောနဲ့။"
           စိုးကျော်"ဘာကူညီရမလဲ...ပြောကြည့်။စိုးကျော်ဘဝမှာ ကူညီတိုင်း အကုန်အဆင်ပြေတာမရှိဘူး။"
           ကောင်းခန့်" ီး...အဲ့တော့အကူအညီဘယ်လိုတောင်းရမလဲ။"
           စိုးကျော်"ဟ...နေပါဦးငါပြောတာပြီးသေးဘူးလေ။ပိုက်ဆံနဲ့ပတ်သက်ရင် အကူအညီမတောင်းနဲ့လို့ပြောတာ။ကျန်တာအေးဆေး။"
           ကောင်းခန့်"အေးကွာ...မင်းဆီအလာ....#..**..++ ။အဲ့လိုနဲ့ဘောင်းဘီကဒီလိုဖြစ်သွားတာ။အဲ့ဒါကြောင့်မင်းမှာ ဝန်ထမ်းဘောင်းဘီအပိုမရှိဘူးလားလို့။ရှိရင်ခနပေးဝတ်ကွာ။ငါပြန်လျှော်ပေးမယ်။"
           စိုးကျော်"အေး...ဝန်ထမ်းဝတ်လဲအခန်းထဲ ဝင်ကြည့်ကွာ။မင်းနဲ့တော်တာရှိလောက်မယ်တော့မထင်ဘူး။ရော့ဒီမှာမင်းဖုန်း။ဖုန်းထဲရောက်တော့ ငါဘာတွေ့လဲသိလား။"
           ကောင်းခန့်"ဘာတွေ့လို့လဲဟ။"
           စိုးကျော်"ဘာလဲ။မတ်မတ်.....hdဆိုလားဘာလားပဲ။ဟားဟားဟား။(လေသံဖြင့်)ငါတောင်ကူးထားသေးတယ်သားကြီး...ခွိခွိ။"
           သကောင့်သားကအဲ့ဒါမျိုးဆို၂ခါပြောစရာမလို

××××××××××××××××××××××××××
Edit : ဒီ fic က ဇွန်ဇွန်ရေးတာမဟုတ်ပါဘူးနော်
ဇွန့်သူငယ်ချင်းတစ်ယောက်ကရေးချင်ပေမဲ့wpမှာမတင်တတ်လို့ပါတဲ့နော်💖💖

You've reached the end of published parts.

⏰ Last updated: Jun 13, 2020 ⏰

Add this story to your Library to get notified about new parts!

ACCIDENTWhere stories live. Discover now