အဆောက်အဦးအမြင့်တွေ စီတန်းဆောက်ထားသည့်လမ်းကြားလေးထဲ ဆူညံစွာကစား နေကြသောကလေးတစ်စုကို အိမ်ပေါ်မှလမ်းကြည့်နေသောကလေးတစ်ယောက် Kim Tae-hyung
အမေစိတ်မချသဖြင့် အိမ်ပေါ်မှအိမ်အောက်သို့ ခွင့်ပြုချက်ရမှဆင်းရသော ၁၃နှစ်အရွယ်ကလေးတစ်ယောက် ဆိုသူ့ကိုသာလက်ညှိုး ထိုးပြရမည်အမေမဆင်းခိုင်းသည်မှာလဲ ဖြူးနေသောလမ်းကြားလေးထဲသို့ အရှိန်ပြင်းစွာဝင်လာသော ကားများကြောင့်သာ
"Honey Bear ရေ"
စိတ်ကောက်နေသော သားငယ်ကိုမိခင်မှခေါ်သော်လည်း အပြင်သာငေးကြည့်နေသော Tae-hyung
"သားရေ ဆော့တော့ဆော့စေချင်ပါတယ်ကွယ်"
လက်လေးပိုက်လျက် လှည့်ကြည့်ပြီး နှုတ်ခမ်းစူပြကာပြန်လှည့်သွားသည်
"ကဲကြည့်တော့"
သားဖြစ်သူစူပုတ်နေတာ မကြည့်ရက်သောအမေဖြစ်သူသည်လည်း
"သားရေ ဒါဆိုဒီတစ်ရက်ပဲနော်"
ကလေးတစ်ယောက်ရဲ့ပြုံးရွှင်သောမျက်နှာထားလေးဖြင့် သွက်လက်စွာတံခါးနားထသွားသည်
"ဒါဆို အောက်သွားပြီနော် မေမေ"
"ဟဲ့ကလေး အမလေးနေပါဦး ဒီလိုမျိုးအဖြေရတိုင်းသွက်လက်နေလိုက်တာ ခဏပဲနော်နာရီဝက်ပဲ"
Tae-hyung ခေါင်းငြိမ့်ပြ၍ ကလေးပီပီ ပြေးဆင်းသွားသည်
ဟိုဘက်လမ်းမှာဆော့နေသောကလေးတွေဆီပြေးသွားစဉ် အရှိန်ပြင်းစွာဝင်လာသော ကားတစ်စီး အရှိန်လျော့သော်လည်းမမှီ ကလေးငယ်ကိုဝင်တိုက်မိလေသည်
ကားဘေးရှောင်ရန်ပြုလုပ်၍ကားသမားလည်း ဘေးကရပ်ထားသောကားများကိုဝင်တိုက်မိပြီး ကားအရှေ့တစ်ခြမ်းလုံးစုတ်ပြတ်သွားသည်
ဆော့ကစားနေကြသောကလေးများ၏ မိခင်များလည်း သူ့သားဖြစ်လားငါသားဖြစ်တာလည်း သူ့ထက်ငါအလျင်လိုစွာ ရောက်လာကြသည်
သားကိုအပေါ်ကကြည့်နေသောအမေ တစ်ယောက် လှေကားများဘယ်လိုပင်ဆင်းလာမိသည်မသိပဲ လမ်းမပေါ်သွေးအိုင်ထဲလဲနေသော ကလေးကိုမချီပြီး ဆေးရုံကားခေါ်ပေးကြပါ လို့သာအော်မိရင်းသွေးများဆူပွက်နေမိသည်