3K 394 12
                                    

Unicode >>>>>

အသက် ဆယ့်ငါးနှစ်ကျော်ထဲက မြင်းကို
ကောင်းကောင်း စီးနိုင် ပြီး ထိန်းသိမ်း
နိုင်သည်မို့ ဂျောင်ကု ဖို့ မြင်းစီးတာ
သိပ်မခက်ဘဲပေ

ထယ်ယောင်း တစ်ခုခု ဖြစ်နေသည်ကို နှလုံးသားဟာ ခံစားနေသည်မို့ မျက်ရည်တွေလဲ အဆက်မပြတ်ကျဆင်းလာလေခဲ့ပြီ

တိုက်ခတ်လာတဲ့ ဆောင်းလေပြေအေးအေးတွေကတော့ ဂျောင်ကု ရင်ထဲက
လောင်ကျွမ်းနေတဲ့ သောက အပူမီးကို
တော့ ငြိမ်းပေးနိုင်မည်မထင်ပါ

The Words In My Heart ________

"မငိုပါနဲ့ ကိုယ်က မင်းကို တကယ်ချစ်တာ
တကယ်ကို မြတ်နိုးလို့ပါ "

ထယ်ယောင်း ရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ရင်း လည်ပင်းနားကို တစ်ချက်
ငုံခဲလိုက်သည်

*ကျေးဇူးပြုပြီး ဒီနေရာကနေ လွှတ်မြောက် ချင်နေပြီ *

ငါတို့ သာ အချင်းချင်း စိတ်ချင်းဆက်ပြီး
နှလုံးသားထဲက စကားတွေ ကြားနိုင်ခဲ့ရင်
မင်း ငါပြောတဲ့ စကားတွေကို ကြားနိုင်မှာပါ......

" အခု ကိုယ် မင်းကို ဒီထက်ကောင်းတဲ့
နေရာကို ခေါ်ဆောင်သွားမှာမို့ မျက်လုံးလေးကို ဖွင့်လိုက်တော့ "

ထို လူက ထယ်ယောင်း ရဲ့ အကျီတွေကို
အောက်သို့ လျောချလိုက်သည်

" သခင်လေး!!! "

ဂျောင်ကု မြင်လိုက်ရတဲ့ မြင်ကွင်းဟာ လောကမှာ စိတ်အနာရဆုံး မြင်ကွင်းမျိူး
နှလုံးသားကို မီးခဲတွေဖြင့် ပစ်ပေါက်
နေသလို

"မင်း က ဘာလဲ "

ထိုလူက ထယ်ယောင်း အပေါ်ကနေ ထလိုက်ကာ ဂျောင်ကု အနားကို သွားတော့
ဂျောင်ကု ဟာ ချက်ချင်း ဘဲ ထိုလူကို
တစ်ချက်ထိုးလိုက်သည်

"ဂျောင်ကု "

ပစ်လှဲသွားတဲ့ ထိုလူကို ဂျောင်ကု ဒေါသကြီးစွာဖြင့် အပေါ်ကနေ လက်သီး
ဖြင့် လှိမ့်ထိုးနေမိသည်

"မကောင်းတဲ့ အကောင်.... ခွေးတိရစ္ဆာန်
လို အကောင်... "

ထိုလူက မေ့မျောသွာတော့မှ ဂျောင်ကု
အပေါ်ကနေ ဖယ်ပေးလိုက်နေပြီး တရိူက်
ရိူက်ငိုနေတဲ့ ထယ်ယောင်း ဆီကို
သူသွားလိုက်သည်

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Onde histórias criam vida. Descubra agora