614

2.8K 247 54
                                    

UNICODE

ဒီတစ်ခါကျောင်းသားဟောင်းတွေ့ဆုံပွဲက အရင်တစ်ခေါက်ကထက်လူပိုဆုံနေသည်။

"အန်တီ ဒီဝိုင်းကိုဆိုဂျူထပ်ချပေးပါဦး"

မေရီအသားကင်ဆိုင်လေးက ဆူဆူညံညံဖြင့်။
ဟိုဘက်ဒီဘက်အော်ဟစ်နေတဲ့အသံတွေကရယ်ရယ်မောမောနဲ့ ပျော်စရာ။

ဆိုင်တံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းလေးကချွင်ခနဲမြည်သွားခြင်းနှင့်အတူ လူတစ်ယောက်အထဲကိုကရောသောပါးပြေးဝင်လာ၏ ။

"ရား ချန်ယောလ်နောက်ကြလိုက်တာ လာကွာ"

ချန်ယောလ်ဆိုသူက လက်ယက်ခေါ်သောသူတွေနားဝင်ထိုင်ကာ အပေါ်ကုတ်ကိုချွတ်ရင်းဘေးချလိုက်သည်။

"အစည်းအဝေးရှိလို့ပါကွာ"
"အိုက်ရီးဂူး ငါတို့မန်နေဂျါပတ်အတော်ပင်ပန်းနေပုံပဲ လာ one shotသောက်လ်ိုက်"

လက်ထဲရောက်လာတဲ့ခွက်ကိုကြည့်ပြီး ချန်ယောလ်မဲ့ပြလိုက်သည်။ သူမှမသောက်နိုင်ပဲကို။

"မောလို့ခဏနားပါရစေဦးကွာ. . .အန်တီရေ ဆိုဒါတစ်ဘူးလောက်ပါဗျ"

လာနေကြဆိုင်ဆိုပေမဲ့ ဆိုင်ရှင်အန်တီ့ကိုသာသူသိသည်။ ပင်ပန်းတိုင်း ဒီဆိုင်လာပြီးအသားကင်ကိုတစ်ယောက်ထဲလာစားကာ ပြန်တတ်တဲ့သူ့အဖို့ ပတ်ဝန်းကျင်ကိုအာရုံစိုက်ချိန်မှ မရတတ်ပဲ။

နတ်ခ်တိုင်ကိုပါဆွဲချွတ်လိုက်ကာ အနားကအင်္ကျီအခေါက်ပေါ်တင်လိုက်ရင်း သူငယ်ချင်းတွေနဲ့စိတ်လွတ်ကိုယ်လွတ်စကားပြောဖြစ်ကြသည်။

တစ်နှစ်အတွင်း ပြည်ပရောက်သွားတဲ့သူတွေအကြောင်းရော အိမ်ထောင်ပြုကုန်ကြတဲ့သူတွေအကြောင်းပါမကျန် အကုန်ဝေမျှနေကြသည်။
တစ်ဖက်ဝိုင်းတွေကလဲ အလုပ်ထဲမှာပဲအောင်းနေခဲ့တဲ့ အပျောက်ကောင်းချန်ယောလ်ကို စကားတွေလှမ်းလှမ်းပြောရင်းစနောက်ကြသည်။

"ဟေ့ ချန်ယောလ်မင်းကြည့်ကောင်းလာတာပဲ ငယ်ငယ်တုံးကများ ဝတုတ်လ်ို့ ခုများနဲ့တခြားစီပဲ"

ထိုသူ ချန်ယောလ်ရဲ့ငယ်နိုင် ။ ချန်ယောလ်ကနိုင်တာတော့မဟုတ် သူကနိုင်ခြင်းသာ။ ပညါရေးမှာထူးချွန်ခဲ့တဲ့ချန်ယောလ်ကို ရုပ်ရှည်နဲ့ပတ်သတ်ပြီးအမြဲစကားနာထိုးတတ်တဲ့ မင်ဆိုး။
ချန်ယောလ်ကငယ်ငယ်ကသာဝခဲ့ပေမဲ့ ခုတော့ဝလါတဲ့သူက မင်ဆိုးဖြစ်နေပြီ။ သူက ပြစ်ချက်ချင်းအတူတောင် ချန်ယောလ်ကိုပြောဖို့အတွက်တော့ မရှက်ဘူးပဲ။

614 [COMPLETE]Where stories live. Discover now