"ဒီထက် ရှေ့ဆက်မတိုးချင်ဘူးလား မောင်~~"
တိုးညင်း တဲ့လေသံအဖြတ်အပြီး...သြရမျက်လုံးများပြူးကျယ်သွားသည်။ဒါက အရမ်းကို အန္တရာယ်များတယ်..သူဘာဆက်ပြောရမှန်းမသိခင်မှာ ပိုင်ဇေရဲ့ ကိုယ်လုံးက ရှေးကို တိုးလာတာကြောင့် ကုတင်ကို ကျော်မှီလိုက်မိသည်။ပိုင်ဇေက သူ့အပေါ်မှာခွလျက်..
မဟုတ်သေးဘူး... တခုခုမှားနေသလိုပဲ...
သူပိုင်ဇေရဲ့လက်မောင်းရင်းကိုထိန်းကိုင်ထားလိုက်ကာ
"နေအုန်းလေ ပိုင်ဇေ...ကိုယ်ဘာမှမစဉ်းစားရသေးဘူး.""ဘာစဉ်းစားစရာလိုလဲ? လုပ်ချင်လုပ်လိုက်ရုံပဲလေ..ဘာကို စဉ်းစားအုန်းမှာလဲ."
ပိုင်ဇေ့အသံမှာ စိတ်မရှည်မှုတွေက ပြည့်နှက်နေသည်။သြရကနားရွက်ဖျားတင်မက ပါးတွေဘက်ပါနီမြန်းစပြုနေပြီ..
သြရ လေ့လာထားသလောက် တယောက်ယောက်က လက်ခံသူဖြစ်ရမှာ... အဲ့ခေါင်းစဉ်ကြောင့်ပဲ သူအမြဲတွေဝေနေရတာ...ပိုင်ဇေကော သူကော မိန်းကလေး ချစ်သူထားဖူးသူတွေချည်း...ပိုင်ဇေလည်းယောင်္ကျားတယောက်ဖြစ်သည့်အတွက် သူလည်းလိုချင်မှာပဲ...သူကကိုယ့်ထက်တောင် ရည်းစားများခဲ့သေးသည်။ပိုင်ဇေလိုချင်ရင် သူပေးနိုင်ပင်မယ့်..တွေဝေနေဆဲ...ရှုပ်ထွေးတဲ့အမူအရာတွေကို ပိုင်ဇေက ချက်ဆို နားခွက်က မီးတောက်တာမို့နားလည်လိုက်သည်။
ထို့ကြောင့် သူဆုံးဖြတ်ထားသည့်အတိုင်း နားနားကို ကပ်ပြောလိုက်လေသည်။
"ကျွန်တော့်ကို မလိုချင်ဘူးလားမောင်.."သူ့စကားအဆုံးမှာ သြရက သူ့ကို ပြန်ဆွဲချပြီးလှည့်လိုက်တာမို့ သူအောက်ကိုတဖန်ပြန်ရောက်သွားသည်။
"ပိုင်ဇေ... အဲ့လိုကြတော့ ကိုယ်က တဖက်သတ် ဆန်သလိုဖြစ်သွားမှာပေါ့..."ပြောတတ်တယ်..သူ့လောက် ကိုယ့်ပေါ်ကောင်းပေးတာသူပဲရှိတာ... ပြောရကြေးဆို တဖက်သတ်ဆန်တဲ့သူက ပိုင်ဇေမင်းထက်ဆိုတဲ့သူမဟုတ်ဘူးလား?
"မောင့်လောက် ကျွန်တော့်ပေါ် တွေးပေးတဲ့သူ နောက်တယောက်ရှိအုန်းမှာလား..ကျေးဇူးပြုပြီး ကျွန်တော့်ကိုပေးပါတော့.."
ပိုင်ဇေက ရဲတင်းလွန်းနေသည်။အိပ်နေတဲ့ခြင်္သေ့ကိုနိုးပြီးရင်တော့ အစားခံရမှာသူသိတယ်မလား...
သြရခေါင်းကို ပိုနိမ့်ပြီး မေးလိုက်ပြန်သည်။
"သေချာလား ပိုင်ဇေ.."
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...