Broken promise

5.5K 393 45
                                    

မနက် ၆:၃၅ ...။ ဘူဆန်မြို့ ၊ ဆွန်းအီရပ်ကွက် ။

ဖုန်းစခရင်ပေါ် ပြေးလွှားနေသည့်လက်များ နှင့် အငြိမ်မနေသည့် မျက်ဝန်းများ ။ ပါးစပ်ကလဲ အငြိမ်မနေ
မကျေမနပ် မြည်တွန်တောက်တီးသံက အဆက်မပြတ်ထွက်နေ၏။

" ဟာ ဒီလိုကောင်မျိုးက ငါ့Teammateဖြစ်နေတာလား ။ ငါခြေထောက်နဲ့ ဆော့တောင် ဒင်းထက်သာတယ် ။ "

" ဂျောင်ဂု ကျောင်းမသွားသေးဘူးလား ။ "

"ဟုတ် အမေ ဂျီမင်းမလာသေးလို့ ။ "

ဖုန်းဆီက အကြည့်တစ်ချက်မလွှဲပဲ မီးဖိုချောင်က
အမေကြားအောင် အော်ပြောလိုက်သည် ။

အဟင်း...။ မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်တော့် နာမည် ဂျွန်ဂျောင်ဂုပါ ။ ဘူဆန် အထက်တန်းကျောင်း၊ အထက်တန်းနောက်ဆုံးနှစ်မှာ ပညာသင်ကြားနေတဲ့ ကောင်ချောလေးပေါ့...အဟဲ ။
စကားမဆက်ပြောရရင် ကျွန်တော်က ရေမရောတဲ့
စင်ဂယ်လေးပါဗျ ။ အဲ..crushရှိလားလို့ ပြောရရင်တော့ ရှိပါတယ် ။ အဲ့crushက မွေးကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့ ပတ်ဂျီမင်းဆိုတဲ့
ငယ်သူချင်းကြီးပါ ။ ကျွန်တော်ကသာ ကြိတ်crushနေတာ သူကတော့ ကျွန်တော့်ကို
ဘရိုဇုန်ထဲသွင်းပြီး ကျောင်းမှာ သူက လွဲရင် အခြားသူနဲ့ ကျွန်တော့်ကို လိုက်အောင်သွယ်ပေးနေတဲ့
​ေ-ာက်ကျိုးနည်း crushကြီးပေါ့ ။ ကျွန်တော့်အကြောင်း အကျဥ်းချုပ်ကတော့ ဒီလေါက်ပါပဲ ...။

" ဂျောင်ကွတ်ကီး !! "

ဟော ​တွေးရင်းတောရင်း ရောက်ချလာတဲ့ ကျွန်တော့်ရဲ့ အကျိုးနည်းcrushကြီးပါပဲ ။

Crushလေးအသံကြားတာနဲ့ ဆော့နေတဲ့ဂိမ်းကို ချက်ချင်းထွက်ပြီး အိမ်ပေါက်ဝကို အမြန်ပြေးရသည်။မမေ့မလျော့ ဧည့်ခန်းထဲက မှန်ကိုလဲ တစ်ချက်ကြည့်လို့ ဆံပင်ကေ ပြန်ပြင်ရသည် ။ ကိုယ့် crush ရှေ့
ကြည့်ကောင်းနေဖို့ လိုတယ်လေ ။

" ဘာလဲ ၊ ရောက်တာနဲ့ ကျီးကန်းလို အာတော့တာပဲ။ သူကလဲ နောက်ကျသေးတယ် ။ "

crushဆိုပြီး ဖိဟောက်ရလားလို့ မမေးပါနှင့် ။ Crushဆိုတာ ပစားပေး ရောက်တက်တယ် ၊ ခုလို အစကတည်းက ဖိနိုင်စားထားကာမှ တော်ကာကျ...ကျ။

My crush think that He's my cupidWhere stories live. Discover now