EP 15

10K 876 11
                                    

Unicode

Just Love (15)

" Yoo Jung က အပြင်ကခေါ်ခိုင်းထားတဲ့ လူတွေထဲကတစ်ယောက်ပါ Mr .Park ကအန္တရာယ်ရှိတဲ့လူမို့ သူနဲ့ပတ်သပ်တဲ့လူတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ခိုင်းထားရုံသက်သက်ပဲ အဲ့ဒီနေ့ စက်ထဲက အသံကြားလိုက်တော့ ငါလဲအစကအံ့ဩသွားတာ "

Mr.Jeon ဆီကစကားကိုကြားလာခဲ့ပြီးတဲ့နောက် အတွေးကိုယ်စီနဲ့ ကားထဲမှာထိုင်နေရင်း

" Kook.... Yoo Jung ရဲ့အကြောင်းသိသလောက်ပြောပြပါလား "

" ကျတော်အများကြီးမသိဘူး ခင်ခဲ့ကြတယ်ဆိုပေမယ့် .... သူ့အမေကသူမွေးပြီးထဲကဆုံးသွားတော့ အဖေနဲ့အဘိုးနဲ့နေတာ သူ့အဖေကလဲ ကျတော်တို့ အထက်တန်းပထမနှစ်မှာ ရုတ်တရက်ကြီးဆုံးသွားတာ အဲ့ထဲကကျောင်းလဲပုံမှန်မတက်တော့တာ "

" ဟျောင်းလေ သူ့ကိုစတွေ့ထဲကမြင်ဖူးသလိုခံစားရတာ ဒါပေမယ့်သေချာမမှတ်မိဘူး သူနဲ့ဟျောင်းနဲ့ တစ်ခုခုများပတ်သပ်ထားမိလို့လားမသိဘူးနော် "

" ဘယ်လိုထင်လဲ.... ကျတော်ကတော့ သူနဲ့ထိပ်တိုက်တွေ့ပြီး မေးကြည့်လိုက်ချင်ပြီ "

" သူကရှောင်နေတာမလား ဘယ်လိုလုပ်တွေ့ရမှာလဲ "

" သူ့အဘိုးအိမ်ကိုသိတယ် ငယ်ငယ်ကခနခနရောက်ဖူးတယ် သွားကြည့်ရမလား "

*****

" အဘိုး ဗိုက်ဆာနေပြီလား ထမင်းကျက်တော့မယ်နော် "

နေမကောင်းဖြစ်နေသည့် အဘိုးကို ပြုစုကာနေထိုင်ရင်း တစ်ဖက်တစ်လှမ်းကပိုက်ဆံရှာရသည်။ နှစ်ယောက်ထဲပဲလောကကြီးမှာကျန်တော့တာမို့ အတတ်နိုင်ဆုံးကျေးဇူးဆပ်ကာ ပြုစုစောင့်ရှောက်ပေးသည်။

" ဒေါက် ဒေါက် "

" ဟင် ဘယ်သူမှ လာမယ့်လူလဲမရှိပဲနဲ့ နူဂူဆယ်ရော်? "

မေးလဲမေးတံခါးလဲဖွင့်လိုက်ရော

" ဟင် ! "

တံခါးကိုပြန်ပိတ်မည်လုပ်တော့ ခြေထောက်နဲ့တားထားသည်မို့ ပိတ်မရ

" Yoo Jung .... စကားပြောရအောင် ခနပဲ ခနလေးပဲ "

နှစ်ယောက်နဲ့မမျှတာမို့ တံခါးကိုဖွင့်ပေးလိုက်ရပြီး မလုံမလဲဖြစ်မိသည်။ အပြစ်သားတစ်ယောက်လိုခေါင်းကိုသာငုံ့ထားရင်း

Just Love (မင်းနဲ့အတူ )Donde viven las historias. Descúbrelo ahora