❤ I Love Daddy ❤ 1
သာယာလှတဲ့ ညနေခင်း အချိန်ဝယ်
ရှောင်အိမ်တော်၌ လူအများ
အပြုံးကိုယ်စီဖြင့် Birthday လက်ဆောင်များနဲ့အတူ ရှောင်ကတော်ရဲ့
တစ်ဦးတည်းသောသားလေး
မွေးနေ့ကို လာရောက်ခဲ့ကြတယ်မွေးနေ့ရှင်လည်း သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်ကြည်နူးစွာနဲ့
Birthday Song ကို လိုက်ဆိုရင်း
လက်ခုပ်သံများနဲ့
သာယာသွားခဲ့တယ်...ရှောင်အိမ်တော်ရဲ့တစ်ဦးတည်းသောသားလေး ရှောင်ရှောင်းကျန့်ရဲ့
၁၆ နှစ်ပြည့်မွေးနေ့ကို လူအများပျော်ရွှင်စွာနဲ့ဆုတောင်းပေးခဲ့ကြတယ်ရှောင်ကတော်က သားလေးကိုဖက်ပြီး ပါးပြင်မှမျက်ရည်တွေစီးကျလာတယ်
သားလေး၆နှစ်သားအရွယ်မှာ
သားအဖေဟာ ယာဉ်တိုက်မှု ဖြစ်ပီး
ဆုံးသွားခဲ့တယ်ရှောင်ဖေး(ရှောင်းကျန့်မား)လည်း
စိတ်ထိခိုက်ပေမယ့်သားလေးရှေ့ရေးအတွက်အားတင်းကာ ယောကျားဖစ်သူထားခဲ့တဲ့ Company လုပ်ငန်းတွေကို သူမ
ကိုယ်တိုင်ဦးစီးရင်းယနေ့အချိန်ထိ နောက်အိမ်ထောင်မပြုပဲ
သားလေးကိုလိမ္မာအောင်
သွန်သင်ဆုံးမရင်းနဲ့ အချိန်ကုန်စေခဲ့တယ်..ဒါမဲ့ခုတော့ သူမ သားလေးကို
အသိပေးစရာ တခုရှိလာခဲ့ချေပြီဘာလဲဆိုတော့ သူမ နောက်အိမ်ထောင်ပြုမဲ့ကိစ္စပင်
ဟုတယ် သူမအရင်က နောက်အိမ်ထောင်မပြုဘူးလို့ပြောခဲ့ပေမယ့်
ခုတော့ထိုစကားကိုပြန်ရုပ်သိမ်းတယ် ဘာလို့လဲဆိုတော့ သူမ
အချစ်သစ်ရှာတွေ့ခဲ့လို့ပဲထိုလူကြောင့်သူမရဲ့ သေဆုံးသွားတဲ့နှလုံးသားလေးဟာ
ပြန်လည်အသက်ဝင်လာခဲ့တယ်ထိုလူကို သူမ မြင်မြင်ချင်း
အရမ်းအရမ်းကြွေသွားခဲ့သလို
ထိုလူဟာလည်းသူမကို ချစ်တယ်လို့
ဖွင့်ပြောလာခဲ့တယ်