ရာသီဥတုကတိမ်ညိုလေးတွေဖုံးအုပ်လို့ခပ်
မှိုင်းမှိုင်း
ကော်ဖီဆိုင်လေးအတွင်းမှာလည်းခပ်အေးအေးသီချင်းသံလေးကပျံ့လွင့်လို့ လိုက်ဖက်
လှစွာပဲထောင့်ဆုံးစားပွဲလေးရဲ့လေထုကတိတ်ဆိတ်လို့စားပွဲပေါ်ကအမေရိကာနိုကော်ဖီလေးနှစ်ခွက်ကလည်းအငွေ့သေလို့အေးစပ်နေခဲ့ပြီ
နောက်ဆုံးရှောင်းကျန့်ကပဲပင့်သက်တစ်ချက်
ရှိုက်လို့တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲဖို့ကြိုးစား
တယ်"ကောတို့အချိန်ယူပြီးပြန်စဉ်းစားကြရအောင်
ကလေး"ရိပေါ်ကမမျှော်လင့်ထားသလိုမျိုးအထိတ်တလန့်မော့ကြည့်တယ်
ပုံမှန်သူတို့ပြဿနာတတ်ရင်ကောကသူ့ကို
နည်းနည်းပါးပါးဆူငေါက်လိုက်ရုံနဲ့ပြီးသွားမြဲ
မို့ဒီလိုပြောလာချိန်မှာတကယ်ထိတ်လန့်သွား
မိသည်"ကောအထင် ကောတို့တစ်ယောက်ကိုတစ်ယောက်ကောင်းကောင်းမသိကြသေးဘူးလို့ထင်တယ်"
"တကယ်တော့ဒါတွေအားလုံးကောအပြစ်တွေပါ
ကလေးကိုချစ်တာတစ်ခုတည်းနဲ့ကျန်တာ
တွေဘာမှမစဉ်းစားခဲ့မိဘူး အခုတော့ကောတို့အတွက်အချစ်တစ်ခုတည်းနဲ့မပြီးဘူးလို့ထင်
တယ် ကောတို့ပြန်စဉ်းစားကြတာပေါ့""မဟုတ်ဘူးလေ ကော ကျွန်တော်မှားတာကျွန်
တော်သိပါတယ် တကယ်တောင်းပန်ပါတယ်
နောက်တစ်ခါဒီလိုထပ်မဖြစ်စေရဘူးလို့
လည်းကတိပေးတယ် ကျွန်တော့်ကိုထားခဲ့
ဖို့တော့မတွေးပါနဲ့ ကျွန်တော်ကောကိုလမ်းခွဲမ
ပေးနိုင်ဘူး"ရှောင်းကျန့်ရဲ့လက်တွေပေါ်ဆုပ်ကိုင်ရင်း
ပြောနေတဲ့ရိပေါ်ရဲ့လက်လေးတွေကို
ရှောင်းကျန့်ကအပေါ်ကပြန်အုပ်မိုးလို့ဆုပ်
ကိုင်လိုက်တယ်"မဟုတ်ဘူး ကလေးနားလည်မှုလွဲနေပြီ
ကောကလမ်းခွဲဖို့ပြောနေတာမဟုတ်ဘူး
ခဏပဲ ခဏပဲကောတို့အချိန်ထပ်ယူကြတာပေါ့
ဒီအတိုင်းဆက်သွားနေရင်ရေရှည်မှာကောတို့
နှစ်ယောက်လုံးအတွက်မကောင်းနိုင်ဘူး
relationshipဆိုတဲ့ခေါင်းစဉ်တစ်ခု
အောက်ကကွဲလွဲသွားတာကလွဲရင်ကောက
အရင်အတိုင်းကလေးအတွက်ပဲရှိနေမှာပါ
ကလေးနားလည်မယ်လို့ကောမျှော်လင့်တယ်"
YOU ARE READING
Right Time....
Fanfiction#Novelyzechallenge #Together We Complete collaboration with ShinNoa61