စာမျက်​နှာ ကိုး(စာမကျြနှာ ကိုး)

3.8K 555 24
                                    

အသစ်​စက်​စက်​မင်္ဂလာအိမ်​ကြီးထဲမှာတစ်​​ယောက်​တည်းဖြစ်​​နေမယ့်​Jimin​ကြောင့်​ ဟို​ဆော့တို့အတင်း​ခေါ်​နေသည်​ကိုပင်​ငြင်းကာ အိမ်​ကိုပဲတန်းတန်းမတ်​မတ်​ပြန်​လာခဲ့သည်​။

တစ်​အိမ်​လုံးမှာအခန်းတစ်​ခန်းထဲရှိ​စေသည်​ကTaehyungရဲ့အကြံအစည်​ပဲဖြစ်​ကာ
သူတို​နှစ်​​ယောက်​ရဲ့ဆက်​ဆံ​ရေးပို​ကောင်း​အောင်​ရည်​ရွယ်​ခဲ့တာ...။
သို့​ပေမယ့်​လည်း အိမ်​ထဲကိုဝင်​လိုက်​တဲ့အခါမြင်​​တွေ့ရသည်​ကသူ့ကိုအ​မောဆို့​စေသည်​။

ဆိုဖာ​ပေါ်မှာ​ခေါင်းအုံးနဲ့​စောင်​ကိုယူပြီးအကျအနအိပ်​​နေတဲ့Jiminကို​တွေ့​တော့​နောက်​ကျိ​နေတဲ့စိတ်​​တွေကပိုပြီးဆိုးလာသည်​။
ဒီ​လောက်​​တောင်​ပဲမာန​တွေထားရသလား က​လေးငယ်​။

နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေတာမလို့အသံ​သေး​သေး​လေး​တွေ​တောင်​ထွက်​​နေတဲ့​ကောင်​​လေးအနားမှာထိုင်​ကြည့်​​နေရင်းမြတ်​နိုးလိုစိတ်​​တွေကတဖွားဖွား...။

အချစ်​ကိုအယုံအကြည်​မရှိခဲ့တဲ့အချိန်​​တွေတုန်းကမ​ပြောသင့်​တဲ့စကား​တွေနဲ့ဒီ​ကောင်​​လေးကိုနာကျင်​​အောင်​လုပ်​မိခဲ့တာကိုလည်း​နောင်​တရသည်​။
ချစ်​မိ​နေပါပြီလို့သိသွားတဲ့အချိန်​မှာလည်း ဒီ​ကောင်​​လေးကိုလက်​မလွှတ်​နိုင်​​တော့လို့ကြံစည်​ခဲ့ရတာ​တွေကလည်းခက်​ခက်​ခဲခဲ...။

အိပ်​​မောကျ​နေတဲ့ကိုယ်​​လေးကို​ပွေ့လိုက်​ပြီးအခန်းထဲကကုတင်​​ပေါ်ထိ​ရောက်​​အောင်​တင်​​ပေးလိုက်​သည်​။
စောင်​​တွေဘာ​တွေ​သေချာခြုံ​ပေးပြီးမှ အခန်းမီးကိုပိတ်​ကာ
စော​စော​လေးက​ကောင်​​လေးအိပ်​ခဲ့တဲ့​နေရာမှာသွားပြန်​အိပ်​သည်​။

တစ်​မိုး​အောက်​ထဲအတူရှိ​နေရတယ်​ဆိုတဲ့အသိနဲ့တင်​နှလုံးသားက​နွေးတယ်​။

---

ညကအိပ်​ခဲ့တဲ့​နေရာမှာမဟုတ်​ပဲ အခန်းထဲ​ရောက်​​နေတာ​ကြောင့်​ အလန့်​တကြားဖြစ်​ပြီးတစ်​ကိုယ်​လုံးကိုစစ်​​ဆေးကြည့်​မိ​သေးသည်​။
ကုတင်​​ပေါ်​ရောက်​​နေတာကလွဲရင်​ကျန်​တာအကုန်​ပုံမှန်​အ​ခြေအ​နေအတိုင်းဆိုမှJiminသက်​ပြင်းချနိုင်​သည်​။

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now