Chapter 1

549 21 0
                                    

(Unicode)

'' ကျန်းဝမ်းရင်?...ဘယ်သူလဲ? ကျွန်တော် မမှတ်မိဘူး"

ဘယ်ဘက်ရင်အုံက စူးခနဲ။
ကျန်းချန် အံသာကြိတ်ထားမိသည်။ မျက်ရည်မကျမိအောင် ထိန်းရင်း ဆေးရုံကုတင်ပေါ်မှ နလန်ထူစ ဖြစ်သော ရှီးချန်ကို ကျန်းချန် နာကျင်စွာ ကြည့်နေလိုက်မိသည်။

သူပြင်ဆင်ထားသည်။ သည်လိုအခြေအနေမျို း အတွက်သူပြင်ဆင်ထားခဲ့ ပါသည်။ သို့သော် နာကျင်ရသည်။

ကျန်းချန်ရှေ့တွင် ရပ်နေသော နျဲ့မင်ကြွယ် စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။

''သူက မင်းချစ်သူလေ''

''ခင်ဗျာ? ဒါမဲ့ ကျွန်တော်က gayမှ မဟုတ်တာ''

လူနာခန်း တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ အသက်ရှူ သံပင် မကြားရ။

_____

''သူပြန်မှတ်မိမှာပါ'' ဟူအားလုံးက ပြောကြသည်။ အားပေးကြသည်ဆို ပိုမှန်မည်။ ကျန်းချန်၏ မျက်နှာကိုမြင်ပြီး အားလုံးလည်းစိတ်မကောင်းကြပေ။

ရှီးချန်ရှိနေသော လူနာခန်းတွင်းမှ ထွက်လိုက်တော့ မွေးစားအစ်ကိုဖြစ်သူက ကျန်းချန်ကို ဆွဲဖက်သည်။ ပုံမှန်ဆိုလျှင် ဝေ့ဝူရှန်းကို ကျန်းချန် အမှုန့်ခြေပစ်လိုက်ပြီ။ ပုံမှန်ဆိုလျှင် ဘေးမှ လန်ဝမ့်ကျီလည်း လေဆာမျက်စောင်း နဂါးမျက်စောင်းတွေ ပစ်လောက်သည်။ ယခုအခြေအနေကမူ မတူပေတော့။ ဝေ့ဝူရှန်း၏ လက်အစုံက ကျန်းချန်ကျောပေါ်တွင်။ ကျန်းချန်ကလည်း သူ့အစ်ကိုအား ကလေးတစ်ယောက်ပမာ ဖက်တွယ်ထားမိသည်။ ခဏအကြာမှဝေ့ဝူရှန်းက

''ငိုချင်ရင် ငိုလိုက်လေ ကျန်းချန်...''

ထိုမှ ကျန်းချန်က ဆွဲခွာပြီး ပြုံ းသာပြလိုက်သည်။ ထို့နောက် လန်ဝမ့်ကျီ ဘက်လှည့်ပြီး

''လန်ဟွမ်ရဲ့ ပစ္စည်းတွေ ပို့ပေးလိုက်မယ်"

လန်ဝမ့်ကျီကခေါင်းသာငြိမ့်သည်။

သည်လိုပုံစံမျိ ု းနဲ့တော့ သူတို့အတူဆက်နေလို့ မဖြစ်သေးဘူးလေ။

_____

နှစ်ယောက်အတူနေခဲ့သော တိုက်ခန်းလေးသို့ ကျန်းချန်ပြန်ရောက်ပြီ။ ခြောက်ကပ်နေ၏။

Forget me not [XiCheng]Onde histórias criam vida. Descubra agora